အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်အကြား တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၁၄၉) ယောက် သေပြီး (၈၉) ယောက် ဒဏ်ရာရကာ (၆) ယောက် အလင်းဝင်လာတယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ တရားဝင်ထုတ်ပြန်လာပါတယ်။
နိုဝင်ဘာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း (၄၂)ကြိမ်၊ စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို ဒရုန်းနဲ့ (၃၈)ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး မိုင်း၊ လက်နက်ကြီးတို့နဲ့ ၁၉ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား (၁၄၉) ယောက် သေပြီး (၈၉) ယောက် ဒဏ်ရာရကာ (၆) ယောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလအတွင်းမှာပဲ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကူးဆိပ်စခန်းနဲ့ မထောစခန်းတို့ကို KNLA ၊ PDF နဲ့ BPLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေနဲ့ အခြားတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဆီက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကဆိုပါတယ်။
နိုဝင်ဘာလတိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်(၉) ယောက် အသက်ပေးလှူသွားခဲ့ပြီး (၃၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်းတစီးပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာတစ်လအတွင်း စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူ (၁၇) ယောက် အသက်ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၅၄) ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ၊ LDF တွေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – နိုဝင်ဘာလ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

ကော့သောင်းခရိုင်အတွင်း မူးယစ်ဆေးဝါး လွယ်လင့်တကူ သုံးစွဲလို့ရနိုင်သည်အထိ ဖြန့်ဖြူးရောင်းချမှုများ ဆိုးရွားလာနေ

"ဒီဘက်မှာ သုံးကြတာကတော့ အစုံပဲ။ WYသုံးတယ်။ ရေခဲသုံးတယ်။ အာစီယံ လို့ခေါ်တဲ့ ဘိန်းစာရွက်ပြုတ်ရည်သောက်တယ်။ နောက်ပြီး တချို့ဆို ကော်တွေပါ ရှုလာကြတယ်။ ပိုက်ဆက်တဲ့ကော်တို့ ဘီးဖာတဲ့ကော်တွေကို ရှုကြတာပေါ့။ ကြွပ်ကြွပ်အိပ်ထဲထည့်ပြီး ရှုရတယ်ပြောတယ်။ စျေးလည်းသက်သာတယ်လေ။ ပြောရရင် ဒီဘက်မှာ မူးယစ်ဆေးတိုင်းက လူတိုင်းနီးပါးနဲ့ အကုန်လက်လှမ်းမှီနေတယ်။ ဘာလို့ဆို လူတိုင်းနီးပါး ရောင်းဝယ်ဖောက်ကားနေကြလို့ပါပဲ။ စျေးတွေကလည်း ပေါချင်းလောချင်း ဖြစ်လာတယ်။ အရင်က WY တစ်ပြားကို ဘတ်၁ရာ ၂ရာလောက်အထိ စျေးပေါက်တာကနေ အခုဆို ဆယ်ဂဏန်းလောက်ပဲရှိတော့တယ်။ ဒီတော့ လူငယ်တွေ သာမန်လက်လုပ်လက်စား၊ ကျောင်းသားကအစ ဝယ်ဖို့လွယ်လာတယ်။ တချို့လက်လုပ်လက်စားတွေဆို တစ်နေ့ရတဲ့ငွေကို ဆေးဝယ်ဖို့သုံးလို့ မိသားစုနဲ့ ပြဿနာဖြစ်ကြတာတွေ ရှိလာတယ်။ " လို့ ကော့သောင်းဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၊ လက်ရှိအချိန်ထိ ဆရာမ ၂ဦးနှင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၁၁ ဦးသေဆုံးဟုသိရ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဆရာမ ၂ယောက်၊ ကျောင်းသားကျောင်းသူ ကလေးငယ်တချို့ရဲ့ အလောင်းတွေ ရရှိထားကြောင်း ကနဦးသိရှိရပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားလာနိုင်တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။
Read More

အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပသွားရောက်မှုကို စစ်ကောင်စီ ပိုမိုတင်းကြပ်နေ

အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပသွားရောက်အလုပ်လုပ်သူတွေကို လုံး၀ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ PV ပက်(စ်)ပို့ ကိုင်ဆောင်သူတွေကို အလုပ်အကိုင်နဲ့ ပြည်ပထွက်ခွင့်ပြုမှုကို…
Read More

ကော်ဘရာစစ်ကြောင်း ၂ (Venom Column) မှ စစ်သင်တန်းဆင်းရဲဘော်များကို ဘတ် ၅ သိန်းကျော်တန်ဖိုးရှိ စစ်ဝတ်စုံများ တပ်ဆင် (ဓာတ်ပုံသတင်း)

တောင်ပိုင်းစစ်ဒေသမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆင်နွှဲနေတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) ရဲ့ စစ်ကြောင်းမှူးက စစ်သင်တန်းဆင်းရဲဘော်တွေကို ဘတ်ငွေ (၅) သိန်းကျော် တန်ဖိုးရှိတဲ့ ကျည်ကာတွေနဲ့အတူ ဦးထုပ်၊ အီကွေ့မန့်တွေ တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူတွင် စစ်ရှောင်များနေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ၁ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးတိုက်နယ်အတွင်း စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။