မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုတွေ ရှိနေတဲ့ ရေလာလေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းကာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဝင်ရောက် စီးနင်းတိုက်ခိုက် သိမ်းယူနိုင်ခဲ့ပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းထားတဲ့ အမှတ် (၈) စစ်ကြောင်း ဦးဆောင်မှုနဲ့အတူ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊  ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့ ၊ ပခုက္ကူခရိုင်(Local)တပ်ရင်း ၊ Kamma Revolution Force တို့ ပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေဟာ ပခုက္ကူ ပေါက် ကားလမ်းမကြီးဘေးမှာရှိတဲ့ ရေလာလေးစခန်းကို အချိန် ၁ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်ဘက်က ၆ယောက် သေကာ စစ်သား ၄ယောက်နဲ့ ပျူ ၃ယောက်ကို အရှင်ဖမ်းမိခဲ့ပါတယ်။

“ဦးဆောင်တဲ့ အမှတ် ၈ စစ်ကြောင်းကို အပြည့်အဝယုံတော့ သူတို့ဦးဆောင်မှုအောက်မှာ အကောင်းဆုံးလုပ်ဆောင်ခဲ့လို့ အောင်မြင်တာပါ။ အမိန့်နာခံမှု၊ စုဖွဲ့မှု အားကောင်းလို့ပါ။ အခုတော့ ဖမ်းဆီးရမိသူတွေကို တာဝန်ရှိသူတွေ စစ်ဆေးနေပါတယ်။” လို့ Earthquake People’s  Defence Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း (၆၀)မမစိန်ပြောင်း(၁)လက် ၊ MA2(၁)လက် ၊ MA3 (၁)လက် ၊ M2 ကာဘိုင် (၁၂)လက် ၊ ရှော့ဂန်း(၃)လက်

၊ 5.56 လက်လုပ်(၁)လက် ၊ ကျည်ဘောက် (၁၀)ဘောက်နဲ့ ကျည်မျိုးစုံ နှစ်ထောင်ဝန်းကျင်ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

ရေလာလေးစခန်းကို တိုက်ခိုက်ချေမှုန်းပြီး စခန်းသိမ်းနိုင်ခဲ့ပေမယ့် အခြေအနေတွေအရ ပြန်လည်ဆုတ်ခွာပေးထားရတယ်လို့လည်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

” စခန်းက နေ့တစ်ပိုင်းပဲ သိမ်းခဲ့ရတာ။ ခဏလေးပဲဝင်စီးတဲ့ သဘောပေါ့။ ညောင်ဂျစ်ပင် ပျူရွာနဲ့ရေလာလေးက ကပ်လျက်ရှိတာ။ အဲ့နှစ်ရွာက ပခုက္ကူ၊ ပေါက် ကားလမ်းမကြီးဘေး တောင်နဲ့မြောက်ပေါ့။ ညောင်ဂျစ်ပင်မှာလည်း ပျူ၊စခအင်အားမနည်းတော့ ရေလာလေးကို ကြာကြထိန်းဖို့ဆို ဖြတ်တောက်ရေးကလည်း အတော် အားကောင်းမှရမယ်။ အဲ့ဒါကြောင့် ပြန်ဆုတ်ခဲ့တဲ့သဘောပါ။” လို့ မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်းစစ်ကောင်စီက Mi35 ရဟတ်ယာဥ်နဲ့ လေကြောင်းကနေ ပစ်ကူပေးခဲ့သလို ဘန်ကာခံစစ်တွေ ကောင်းမွန်တာကြောင့် တော်လှန်ရေးတပ်တွေ အတော်ကြိုးစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အမှတ် ၈စစ်​ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) က တပ်စိပ်မှူး ရဲဘော် ထောင့်မကျိုး(ခ) ရဲဘော်ဟိန်းမင်းခန့်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့က ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့လည်း တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်၊ ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော်က ရုံးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

နောင်ချို၊ ဂန့်ကော်ရွာတိုက်ပွဲအတွင်း စစ်တပ်က ဒရုန်းနဲ့ ကြဲချတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ပျက်စီး

TNLA ကထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာက အရပ်သားပစ်မှတ်တွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတစ်ရက်တည်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး (၇၀) ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

Sagaing People Defence Force Battalion 3 က ရဲဘော်များ၏ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းအခြေစိုက် Sagaing People Defence Force Battalion 3 က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။