ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ သောင်းကျန်းနေတဲ့ သန္ဓေပင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းတွေအသုံးပြုပြီး တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိကြောင်း မြို့ပြကြွက်တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၁၂ရက်၊ မနေ့က ညပိုင်းမှာ ရန်ကုန်-ပြည် ကားလမ်းမကြီးဘေးမှာရှိတဲ့ သန္ဓေပင်ရွာရပ်ကွက်ရုံးကို Operation Flame (OF) အဖွဲ့က သွားရောက် မိုင်းခွဲတိုက်ခိုက်ရာမှာ ပျူစောထီးတွေ ထိခိုက်သွားတာ ဖြစ်ပါတယ်။

“ပျူ ၃ ကောင်တော့ လဲကျသွားတာ ရဲဘော်တွေမြင်လိုက်ရပါတယ်။ ဒါပေမယ့် အဲ့ရုံးက မှော်ဘီလေဆိပ်နဲ့နီးတော့ လုံခြုံရေးတင်းကျပ်ထားတယ်။ ဒါကြောင့် ရဲဘော်တွေအနေနဲ့ မစ်ရှင်အပြီး အမြန်ဆုတ်ခဲ့ရတာကြောင့်​ နောက်ဆက်တွဲသတင်းတော့ မသိရသေးပါဘူး။” လို့ မြို့ပြကြွက်တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

တိုက်ခိုက်မှုအပြီး တပ်ဖွဲ့ဝင်တွေဘေးကင်းရာဆုတ်ခွာနိုင်ခဲ့သလို အခင်းဖြစ်တဲ့နေရာဆီ စစ်ကားတွေရောက်ရှိလာပြီး စစ်ဆေးတာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ရက်နေ့က မှော်ဘီမြို့နယ်မှာရှိတဲ့  လေတပ်စခန်းဝန်းထဲကို တော်လှန်ရေးတပ်တွေ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီက အနီးအနားကျေးရွာတွေမှာ ဧည့်စာရင်းစစ် ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ရာ သန္ဓေပင် ပျူစောထီးတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကနီ ချောင်းမကျေးရွာ တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း ၃ လောင်း၊ သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာက တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၆) ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF က အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၈) သင်တန်းသားများ ခေါ်ယူနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့) က သင်တန်းလေ့ကျင့်ရေးအပတ်စဥ် (၈) အတွက် သင်တန်းသား၊သင်တန်းသူတွေကို စတင် စိစစ်လက်ခံနေပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

စစ်ကိုင်းငလျင်ကြီး ၅ လပြည့်ရန် ၃ ရက်အလိုတွင် မန္တလေး Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၇ လောင်း ထပ်မံတွေ့ရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၇ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ရာထူးကနေ နုတ်ထွက်လိုက်တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အသိပေးထားပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော် Eric ကျဆုံးမှု အမိန့်ပြန်တမ်းဖတ်ကြားခြင်းနဲ့ သင်္ဂြိုဟ်ခြင်း အခမ်းအနား

ကျောင်းသားလက်ရုံးတပ်တော် - SAF က ရဲဘော် Eric ကျဆုံးမှု အမိန့်ပြန်တမ်းဖတ်ကြားခြင်းနဲ့ သင်္ဂြိုဟ်ခြင်းအခမ်းအနားကို အောက်တ်ိုဘာလ ၁၆ ရက်‌ ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းအတွင်း အရှိန်ဟုန်မြှင့် စစ်ဆင်ရေးများကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ဦး သေဆုံးပြီး စခန်းနှင့်လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနခွဲရဲ့ ကွပ်ကဲမှုအောက်က ခရိုင်စစ်ဌာနတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ မကွေးတိုင်းအတွင်းမှာ စစ်ဆင်ရေးတွေကို အရှိန်အဟုန်မြှင့် ဖော်ဆောင်ခဲ့ကြတာကြောင့် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၉) ယောက် သေဆုံးပြီး စခန်းနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။