တောင်ပိုင်းစစ်ဒေသက တိုင်းစစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းလိုက်ပြီး အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကနေ စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူပြီး တိုင်းစစ်ဌာန(ဧရာဝတီ)ကို မနေ့က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

ဧရာဝတီတိုင်းစစ်ဌာနကို ပြည်သူ့သားကောင်း စစ်သည်တော်တွေနဲ့အတူ စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာတွေ အဆင့်ဆင့် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ချမှတ်ထားတဲ့ သစ္စာအဓိဌာန်(၄)ချက်ကို မြဲမြံစွာ စောင့်ထိန်းပြီး အဆင့်ဆင့် အမိန့်ပေးကွပ်ကဲနာခံမှုနဲ့ ကျင့်ဝတ်တွေကို လိုက်နာဖော်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။

တိုင်းစစ်ဌာန (ဧရာ၀တီ) အနေနဲ့ ဧရာ၀တီတိုင်းမှာ စစ်ရေးတွေ ဖော်ဆောင်သွားမယ့် အခြေအနေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ဖော်ပြထားခြင်းမရှိသေးပါဘူး။

အန္တိမရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက်  ဧရာဝတီမြေကို ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲတွေ ရယူနိုင်ဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ 

လတ်တလောမှာတော့ တောင်ပိုင်းစစ်ဒေသမှာသာ အခြေပြုလှုပ်ရှားမှုတွေပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျီကုန်းရွာ အရှေ့ခြမ်းနှင့်အနောက်ခြမ်းကို စစ်တပ်ဝင်ရောက်ပြီး ရွာခံအမျိုးသား ၁ဦးကို သတ်ကာ နေအိမ် ၁၀ လုံးကျော် မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းအရှေ့ရွာမှာ စစ်အုပ်စုက ရွာခံအမျိုးသား ၁ယောက်ကို သတ်ကာ နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုဟာ ကျီကုန်းအရှေ့ရွာထဲကို အင်အား ၇၀ ကျော်နဲ့ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ရွာခံအမျိုးသား ၄၄နှစ်အရွယ် ကိုမင်းနိုင်ဟာ ရှောင်တိမ်းဖို့ လုပ်ရင်းနဲ့ပဲ စစ်တပ်နဲ့ တိုးကာ ဖမ်းဆီးအသတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ မာထော စစ်တပ်စခန်းကို (K.N.L.A) တပ်မဟာ (၅) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်…

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ မာထော စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၅) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

အင်အားပြင်းစစ်ကိုင်း ငလျင်လှုပ်ခတ်အပြီး မြေပြင်ပုံစံပြောင်းလဲသွားမှုကို နာဆာက ထုတ်ပြန်

အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မြေပြင်ပြောင်းလဲသွားမှုတွေကို ဂြိုလ်တုက ရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီးအမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန NASA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရကာ ၁၀ ယောက် သေပြီးနောက် တိုက်ပွဲနှင့် မသက်ဆိုင်သည့်ရွာကို စစ်တပ် ဗုံးကြဲဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက် သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးမှာ ကျေးရွာစာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

မောင်တော နခခ (၅) စခန်းကို လှိုဏ်ခေါင်းတူးကာ နှစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်၊ AA ရဲ့ မိုင်းရှင်းလင်းရေး စစ်သည်တချို့ အသက်နဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ - နခခ(၅) စခန်းသိမ်းတိုက်ပွဲအတွင်း နင်းမိုင်းအန္တရာယ်ကြောင့် လှိုင်ခေါင်းပါ တူးပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်း ရက္ခိုင်တပ်တော် AA က  အသိပေးထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။