အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာ နမခကနေ စစ်ကိုင်းဘက်ကို ထွက်ခွာလာတဲ့ စစ်​ကောင်စီသံချပ်ကာယာဥ်တန်းကို ချောင်းဦး- မြင်းမူလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ရာ ကား၂ စီး ထိခိုက်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ ၊ လျှပ်စီးတပ်ခွဲတာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၁ရက် ၊ ဒီနေ့မနက်ပိုင်းက မန္တလေး- မုံရွာ ကားလမ်းမကြီးအတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီ သံချပ်ကာ ကား ၄ စီးကို တော်လှန်ရေးတပ်တွေက  ချောင်ဦးမြို့ အရှေ့ဘက် ချောင်းဦး – မြင်းမူ လမ်းပိုင်းတစ်နေရာမှာ ရှေ့ထွက်မိုင်း ၆ လုံး ၊ ပဒေသာ မိုင်း၉လုံးတွဲတို့နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ သံချပ်ကာကား၂စီးကို ချောင်းဦးမြို့ အရှေ့ဘက် ဟန်သစ် ဆီဆိုင်အနီးမှာ ထားရစ်ခဲ့ပြီး ကျန်တဲ့ သံချပ်ကာ ကားတွေကိုလည်း နတ်ရေကန် ဂိတ်စခန်းမှာ ခေတ္တရပ်နားကာ  စစ်ကိုင်းမြို့ဘက်ဆီ ဆက်လက်ထွက်ခွာသွားတယ်လို့ မုံရွာခရိုင် အမှတ် ၁၂တပ်ရင်း လျှပ်စီးတပ်ခွဲတာဝန်ရှိသူကပြောပါတယ်။

“ထိခိုက်ဒဏ်ရာပြင်းတဲ့ စကစတစ်ယောက်ရဲ့အခြေအနေကိုလည်း စုံစမ်းနေပါတယ်။ နောက်ပြီး ကျနော် သိရသလောက်တော့ စစ်ကိုင်းကို ဆက်ထွက်တယ်ဆိုတာပဲ သိရတယ်ဗျ။ မန္တလေးဘက် ဆက်ထွက်မထွက်တော့မ သိပါဘူး။” လို့ မုံရွာခရိုင် အမှတ် ၁၂တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ (မုံရွာ ခရိုင် အမှတ် – ၁၂ တပ်ရင်း၊ တပ်ခွဲ -၃) နဲ့ အတူ ရေနဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊  Seven Defence Force (ပြည်သူ့တော်လှန်ရေးတပ်) ၊  Eleven People Defence Force တို့ ပူးပါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်အနောက်ပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါ အရပ်သား ၃ ယောက်သေပြီး အများအပြား ထိခိုက် ဒဏ်ရာရ…

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့ မြိုင် ပကဖ သတင်းတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးအရေးယူ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေ၊ စလင်းမြို့နယ်အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် ဦးဆောင်လုပ်ကိုင်နေတဲ့ စစ်တပ်လက်အောက်ခံ မြို့နယ်ရွေးကောက်ကော်မရှင်အဖွဲ့ဝင် သက်ဝေထွန်းကို ဖမ်းဆီးကာ အရေးယူဖို့ လုပ်ဆောင်နေကြောင်း NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ညောင်ခါးရှည် X-Ray ဂိတ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

ပဲခူးတိုင်း၊ ဝေါမြို့နယ်က စစ်ကောင်စီရဲ့ ညောင်ခါးရှည် X Ray ဂိတ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါ ပကဖ က အသိပေးထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းမှာ ၁၇ ရက်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြားနေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။
Read More

၄ နှစ်ပြည့် PIO/PIA တပ်ပေါင်းစုအင်အားဖြင့် စစ်အုပ်စုကို ချေမှုန်းရန် စိတ်အားထက်သန်နေ

အကြမ်းဖက်စစ်အုပ်စုကို တပ်ပေါင်းစုအင်အားနဲ့သာ ဖြိုချနိုင်မယ်လို့ ယုံကြည်တဲ့အတွက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှာ အဖွဲ့ဝင်တပ်အဖြစ် ပါဝင်ခဲ့ကြောင်းနဲ့ ကပစစက်ရုံတွေရှိရာ နိုင်ငံအလယ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NUG ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းများနှင့် လိုက်လံတွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တာဝန်ရှိသူတွေဟာ ပဲခူးတိုင်းအတွင်းရှိ PDF တပ်ရင်းတွေဆီ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ လိုက်လံတွေ့ဆုံခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။