ကရင်နီပြည်နယ် လွိုင်ကော်မြို့ပြင်မှာ နိုဝင်ဘာ ၂၇ ရက်က ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက်သေပြီး သေနတ် ၄ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDF B14 ထံက သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ လွိုင်ကော်မြို့ပြင်တစ်နေရာမှာ ကင်းပုန်းဝပ်နေခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရကာ အလောင်း ၃ လောင်း၊ သေနတ် ၄ လက်၊ ကျည်ဘောက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ကျုံးရွာထိပ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ဇန်နဝါရီ ၂၉ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။
Read More

Loikaw Local PDF တည်ထောင်ခြင်း ၁ နှစ်ပြည့်မှာ ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့ အကာအကွယ်ပစ္စည်းတွေတပ်ဆင်ပေး (ရုပ်/သံ)

Loikaw Local PDF ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့အကာအကွယ်ပစ္စည်းတွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ ရဲဘော်အသစ်များ ခေါ်ယူနေ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၃၂) ဗျူဟာ၊ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ(၂)မှ တာဝန်ထမ်းဆောင်ဖို့ ရဲဘော်အသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် ကသာခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာကြတဲ့ ကသာခရိုင်အမှတ် ၂ တပ်ရင်းရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ SSPP/SSA တို့ ထိတွေ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကော်မရှင်တပ်ဟာ SSPP တပ်စခန်းတည်ရှိရာ ကျောက်မဲမြို့နယ် ပံ့ဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာအနီး ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်မှ မြေပြင်စစ်ကြောင်းနှင့် ဒရုန်းများအသုံးပြီး တိုက်ခိုက်နေတယ်လို့ SSPP မှ ရုပ်သံဖိုင်နဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့ တ‌ညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို တော်လှန်ရေးတပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ် တညောင်တိုက်နယ်အတွင်း စစ်သင်္ဘော ၁ စီးကို ဖေဖော်ဝါရီ ၇ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။