ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ AA က လက်ရဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းဆိုသူဟာ ရခိုင်ပြည်နယ်မှာ လူမျိုးစုနှစ်ခုအကြား တင်းမာမှုတွေဖြစ်အောင် သွေးခွဲခဲ့သူဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီးညှင်းပန်းနှိပ်စက်သူအဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ်။

ကနဦး စစ်ရေးသတင်းတွေအရ ဗိုလ်မှူးချုပ် သူရိန်ထွန်းဟာ မောင်တောမြို့ကနေတဆင့် နတ်မြစ်အတွင်း ဖြတ်ကူးဖို့ ပြင်ဆင်နေချိန် သီဟိုခြံတစ်ခုအတွင်းမှာ AA တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာတော့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က ဖမ်းဆီးရမိတာမဟုတ်ဘူးလို့  ပြောကြားနေချိန်မှာပဲ ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာတော့ AA က ဖမ်းဆီးရမိထားကြောင်း ဓာတ်ပုံတွေနဲ့အတူ တရားဝင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မောင်တောမှာ နောက်ဆုံးကျန်နေတဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၅) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင်ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၄၅၀ ကျော် သေဆုံးခဲ့မှုကို ရုပ်သံမှတ်တမ်းတွေနဲ့အတူ AA က တရားဝင် ထုတ်ပြန်ခဲ့တာပါ။

ဗိုလ်မှူးချုပ်သူရိန်ထွန်းဟာ မောင်တော ဒေသမှာ တာဝန်မကျခင် မန္တလေးက ဆန္ဒပြပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ နန်းတွင်းစစ်ကြောရေးမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အမျိုးသမီးတွေကို မုဒိမ်းကျင့် စစ်ကြောခြင်း၊ နိုင်ငံရေးလှုပ်ရှားသူတွေကို ညှင်းပန်းသတ်ဖြတ်ခြင်းတွေမှာ ဦးဆောင်လုပ်ကိုင်ခဲ့သူလို့လည်း နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းမှာလည်း ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်ဘာသာဝင်တွေအကြား သွေးကွဲအောင် ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့သူဖြစ်ပြီး ရိုဟင်ဂျာ လူငယ်တွေကို စစ်မှုထမ်းဖို့ ဦးဆောင်စည်းရုံးခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အဓိကအားဖြင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းဟာ ဘူးသီးတောင်နဲ့ မောင်တောမြို့ကို စစ်မီးပြန့်ပွားအောင် အဓိက လုပ်ဆောင်ခဲ့သူဖြစ်ပြီး ဘူးသီးတောင်၊ မောင်တောက မွတ်စလင်တွေကို စည်းရုံးကာ လက်နက်တင်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဖမ်းဆီးခံရသူများကြားထဲတွေ့ရတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း

မောင်တောက နခခ ၅ တိုက်ပွဲအတွင်းမှာလည်း ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထားခဲ့ကာ သူ့ရဲ့ ကိုယ်ရေးအရာရှိနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့စဉ် AA တပ်ဖွဲ့ဝင်တွေက အရှင်ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့မှာ စစ်ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် သူရိန်ထွန်းဟာ   စစ်အာဏာသိမ်းချိန်၂၀၂၁ ခုနှစ်မှာ မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းဦးစီးချုပ်ပဲ ဖြစ်ပါတယ်။

AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်လာချိန် ၂၀၂၂ ခုနှစ်အောက်တိုဘာလမှာ ဘူးသီးတောင် စကခ ၁၅ ကွပ်ကဲရေးမှူး အဖြစ်ရောက်ရှိလာပြီး ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား အဓိကသွေးကွဲအောင် ဦးဆောင်လှုပ်ရှားခဲ့သူလို့ နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။

“ရခိုင်ပြည်မြောက်ပိုင်းရဲ့ အခြေအနေတွေကို ရှုပ်ထွေးအောင်နဲ့ လူမျိုးစုနှစ်စုကြား တင်းမာမှုတွေ ပိုမိုဖြစ်လာအောင် စနစ်တကျ အကွက်ကျ လုပ်ခဲ့သူ၊ ရိုဟင်ဂျာလူငယ်တွေ စစ်သင်တန်းတက်ဖို့ ချော့လိုက် ခြောက်လိုက် သွေးဆောင်လိုက်နဲ့ ရိုဟင်ဂျာလူငယ်အများအပြား စစ်သင်တန်းရောက်အောင် လုပ်ခဲ့သူ၊ ရိုဟင်ဂျာတွေထဲက ရာဇဝဏ်ဂိုဏ်းသားတွေ ခိုးဆိုးလုယက်၊ မူးယစ်မှောင်ခို၊ လူမှောင်ခိုအုပ်စုတွေကို လက်သပ်မွေးပြီး ရခိုင်ပြည်အရေးကို ရှုပ်ထွေးအောင် လုပ်ခဲ့သူ ဗမခ/သူရိန်ထွန်း” လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့  လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးဖြစ်သူ ဦးအောင်ကျော်မိုးက သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ 

နွေဦးတော်လှန်ရေးအတွင်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေကိုယ်စား ဗိုလ်မှူးချုပ် သူရိန်ထွန်းကိုလက်စားချေခွင့်ရတာဖြစ်လို့ ဂုဏ်ယူဝမ်းမြောက်တယ်လို့  တော်လှန်ရေးမှာ ပါဝင်တက်ကြွလှုပ်ရှားသူတချို့က သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ အသီးသီး ရေးသားထားကြပါတယ်။

AA က ကာလရှည် ခက်ခက်ခဲခဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့ နခခ (၅) စခန်းဟာ   မောင်တောမြို့ ၊ မြို့သူကြီးရပ်ကွက်မှာ တည်ရှိပြီး စစ်အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားတဲ့ စခန်းကြီးတစ်ခုဖြစ်ပါတယ်။

မောင်တောဒေသက နခခ (၅) စခန်းကို ပြီးခဲ့တဲ့ ၂လလောက်ကတည်းက ဝိုင်းရံပိတ်ဆို့ထားကာ ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၅၀ အထက် သေဆုံးခဲ့ပါတယ်။ 

၁၀၀ ကျော်လောက်ရှိတဲ့ ဘန်ကာအသေးအကြီးတွေနဲ့အတူ ခံစစ်ကို အထူးပြင်ဆင်ထားတဲ့ နခခ (၅)ကို လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကြားကနေ AA က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

မောင်တောဒေသရဲ့ နောက်ဆုံးလက်ကျန် နခခ(၅) ကို ရရှိပြီဖြစ်တာကြောင့် AA ဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ မောင်တောမြို့ကို သိမ်းပိုက်လိုက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုပါ အပြီးသတ်ထိန်းချုပ်ခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစစ်ကောင်စီအလိုကျ ကပြအသုံးတော်ခံနေသည့် ကုလသမဂ္ဂ

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အရာရှိတွေအနေနဲ့ NUG နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံမှု မလုပ်ရင် မြန်မာ့အကျပ်အတည်းမှာ ကျူးလွန်သူတွေကို တရားဝင်သွားစေနိုင်တဲ့ အန္တရာယ်ရှိပြီး ဒါဟာမြန်မာပြည်သူတွေအပေါ် နောက်တခါ သစ္စာဖောက်ရာရောက်ပါလိမ့်မယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်တဲ့ ‘မုန့်ဟင်းခါး တပ်မတော်မှသည် ခေါက်ဆွဲကြော် တပ်မတော်ဆီ’

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လိင်ငရဲခန်းမှ ထွက်ပြေးခဲ့ရသည့် ကျောင်းသားတစ်ဦး

မြန်မာပြည်မှာ စစ်အာဏာသိမ်းမှုကြောင့် အစိုးရဝန်ထမ်းတွေ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ကြသလို ကျောင်းသားကျောင်းသူတွေလည်း အစိုးရကျောင်းတွေမှာ ဆက်မတက်ဘဲ CDM လုပ်ကြပါတယ်။
Read More

ပင်လည်ဘူးဟာ စစ်ကိုင်းတိုင်း အထက်ပိုင်းကို သိမ်းယူနိုင်ဖို့ လမ်းစလား

၂၀၂၂ခုနှစ်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြိမ်ကြိမ်တိုက်ပွဲဝင်ခဲ့ရတဲ့ ပင်လည်ဘူးမြို့ကို အခုနှစ်အောက်တိုဘာ ၈ ရက်နေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Read More

အပြန်အလှန်ထိုးစစ်တွေနဲ့ စစ်ရေးအခြေအနေ တင်းမာနေဆဲ မန္တလေးအနီးက မတ္တရာ

မန္တလေး PDF ကစိုးမိုးထိန်းချုပ်ထားတဲ့ မတ္တရာ အနောက်မြောက်ခြမ်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ လက်ရှိအချိန်မှာ ပြန်လည်ဖြစ်ပွားလျက်ရှိပါတယ်။
Read More

စစ်ကောင်စီထံမှ MDY PDF သိမ်းဆည်းရရှိသည့် တရုတ်ထုတ် စစ်လက်နက်များ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းတွေကို MDY PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရရှိတဲ့ စစ်လက်လက်နက် ပစ္စည်းတွေထဲမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီထုတ် စစ်လက်နက်တွေပါဝင်နေခဲ့ပါတယ်။