ဆီးရီးယားနိုင်ငံမှာ အာဏာရှင်သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံခဲ့သလို မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင် စစ်ကောင်စီကို ပြည်သူတွေ ဖြုတ်ချနိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ၃၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။​

ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံးပေး ထွက်ပြေးရသလိုမျိုး မြန်မာနိုင်ငံမှာလည်း အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် NUG အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားပါတယ်။

“… ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံလိုက်တဲ့သတင်းဟာ ကျနော်တို့နိုင်ငံအတွက်လည်း အားတက်စရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ စစ်မှန်ပြီး လက်တွေ့ကျတဲ့ တော်လှန်ရေးတွေ တိုင်းဟာ အာဏာရှင်တွေကို အောင်ပွဲခံနိုင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ အာရပ်နွေဦး တော်လှန်ရေးမှာ အာဏာရှင်ခေါင်းဆောင်တွေ ဘယ်လို လက်မြှောက် အရှုံးပေးသွားခဲ့ကြရတယ် ဆိုတာ ကျနော်တို့အားလုံး သိထားပြီးဖြစ်မယ်လို့ ယူဆပါတယ်။ အခု ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင်‌ စစ်ကောင်စီခေါင်းဆောင်တွေကို ပြည်သူလူထုဟာ အဆုံးသပ်နိဂုံးချုပ်ပေးနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံးပေး ထွက်ပြေးရသလိုမျိုး၊ ကျနော်တို့ နိုင်ငံမှာလည်း အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် ကျနော်တို့ အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ယုံကြည်ပါတယ်။” လို့ ယာယီသမ္မတက ပြောကြားထားပါတယ်။

ဒါ့အပြင် NUG ယာယီသမ္မတက လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ ရေသာခိုလို့ မရဘူးလို့ အစိုးရအဖွဲ့ဝင်တွေကို သတိပေးထားပါတယ်။

“အခု ကျနော်တို့ ရပ်ခံလျှောက်လှမ်းနေတာဟာ လူထုရဲ့ အသက်သွေးချွေးနဲ့ ရင်းနှီးထားရတဲ့ တော်လှန်ရေးခရီးဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့ရဲ့ တော်လှန်ရေးလုံ့လကို အပြည့်ဝဆုံး စိုက်ထုတ်ကြဖို့ လိုပါတယ်။ လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ – ရေသာခိုလို့ မရဘူးဆိုတာ ကျနော်တို့ သတိချပ်မိဖို့ အထူးလိုအပ်ပါတယ်” လို့ NUG ယာယီသမ္မတက ဆိုပါတယ်။

NUG အစိုးရအဖွဲ့ဝင်တွေအနေနဲ့ မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ လူကိုယ်တိုင် ထိတွေ့ခြင်း၊ အတူတူ ရှိနေခြင်းဟာ လူထုအတွက် ခွန်အားလည်းဖြစ်သလို တော်လှန်ရေးရှေ့ဆောင်မှုအတွက် အခြေခံကျင့်စဉ် မူတစ်ရပ်လည်း ဖြစ်တယ်လို့ ယာယီသမ္မတက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဖောင်းပြင်မြို့ ပေါ်တွင် စစ်ကော်မရှင် တပ်သားများစွာနေထိုင်သည့် ရပ်ကွက် ဓားပြတိုက်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့ပေါ်က အကြမ်းဖက် စစ်ကော်မရှင်တပ်သား အများစု နေထိုင်တဲ့ ရပ်ကွက်ထဲ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ် − ၁ တပ်ရင်းဆီက သိရပါတယ်။
Read More

ဗန်းမော်မြို့ နာရေးဆုတောင်းပွဲ အကြမ်းဖက် စစ်တပ် ဗုံးကြဲ၍ သေဆုံးသူ ၂၂ ထိ ရှိလာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာ နာရေးဆုတောင်းပွဲတစ်ခုကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့  သေဆုံးသူ  ၂၂ ယောက်ထိ ရှိလာပြီး အများအပြား ထိခိုက်ထားတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ ယာယီအပစ်ရပ်ရေးဟာ BIMSTEC အစည်းအဝေး တက်ဖို့နှင့် နိုင်ငံတကာ ထောက်ခံမှုရဖို့ ဟန်ပြကြေညာချက်သာ ဖြစ်သည်ဟု KNU ပြော

ရက် (၂၀) ကြာ ယာယီအပစ်အခတ်ရပ်စဲတယ်လို့ ထုတ်ပြန်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီက ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း  လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆တပ်ရင်း၏ အနောက်ဘက်တွင် လေယာဉ်ကွင်းဖောက်ဖို့ဆိုပြီး လူနေအိမ်များကို ပြောင်းရွှေ့ခိုင်းနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်တပ်ရင်းဖြစ်တဲ့ အမှတ် ၃၆ ခြေလျင်တပ်ရင်း (ခလရ ၃၆) အနောက်ဘက်မှာ လေယာဥ်ကွင်းဆောက်လုပ်ဖို့ဆိုပြီး လူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးအပါ ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူ‌နေအိမ် (၂) လုံး ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးပစ်မှတ်မဟုတ်သည့် ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ် ဗုံးကြဲမှု CDF-Hakha ပြင်းထန်စွာ ရှုတ်ချ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသလို ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ရွာသူရွာသားတွေနဲ့ထပ်တူ ဝမ်းနည်းရကြောင်း CDF-Hakha က မနေ့က ထုတ်ပြန်ပါတယ်။