စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၆ရက်နေ့ညပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ မှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O) စစ်ဆင်ရေးအဖြစ် Brave Warriors For Myanmar (BWM) နဲ့ Shadow SAF အဖွဲ့တို့ ပူးပေါင်းကာ တာဝေးပစ်ရှော့တိုက်ဒုံး၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လေတပ်စခန်းဝန်းထဲက Y12 လေယာဥ် ၂စင်း အပါအဝင် လေယာဥ်အဆောက်အအုံ ၂လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေတပ်အရာရှိပိုင်းနဲ့ အခြားအဆင့်ရှိ လုံခြုံရေးတပ်သား ၉ယောက်သေကာ ထိခိုက်ဒဏ်ရာပြင်းထန်သူ ၅ယောက်ထက်မနည်း ရှိခဲ့တယ်လို့ Urban Special Operation (U.S.O) တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီက လေတပ်ဝန်းကျင် ကျေးရွာတွေမှာ လုံခြုံရေးတိုးမြှင့်ထားတာ၊ အရပ်ဝတ်မာဖီတွေနဲ့ ဖမ်းဆီးစစ်ဆေးတာ၊ ဧည့်စာရင်းဝင်စစ်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“စကစ အခြေအနေကတော့ အကုန်ပတ်မဲပြီး တွေ့သမျှ ဖမ်းဆီးနေတာပါ။ လေတပ်ဝန်း အနီးအနားရှိတဲ့ ရွာတွေ အကုန်လုံးလိုလိုမှာ ဧည့်စာရင်း​တွေ တောက်လျှောက် စစ်နေတယ်လို့ သတင်းရပါတယ်။ ဒါ့အပြင် ပထမအကြိမ်တုန်းကလိုပဲ သတင်းဖုံးဖို့ သူတို့ကြိုးစားနေကြပါတယ်။” လို့ Urban Special Operation (U.S.O) တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

စစ်အုပ်စုထောက်ခံတဲ့ မီဒီယာတွေမှာတော့ လေတပ်ဝန်းထဲ ထိခိုက်မှုမရှိဘူးလို့ငြင်း​ဆိုနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ရက်နေ့၊ မနက်ပိုင်းကလည်းမှော်ဘီလေတပ်စခန်းကို Urban Special Operation (U.S.O)နဲ့အဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပြီး ဟက်စကီးကွင်းအပါအဝင် တောင်ပိုင်းလေတပ်အရာရှိတွေရဲ့နေအိမ်အဆောက်အုံတွေ ထိခိုက်ပျက်စီးကာ ထိခိုက်သူ ၇ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်လင်းရာသီ ပွဲတော်ကာလတွေမှာ လေကြောင်းအန္တရာယ်ရှိနေလို့ ပွဲတော်တွေမပြုလုပ်ဖို့ AA ကသတိပေး

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်ကာလတွေမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်ရှိနေလို့ လူစုလူဝေးနဲ့ ပွဲလန်းသဘင်တွေ မပြုလုပ်ဖို့ အာရက္ခတပ်တော် AA က သတိပေးတိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

မိုးဗြဲမြို့ မကျရေး ခုခံတိုက်ခိုက်နေသည့် တိုက်ပွဲအတွင်း မိုးဗြဲPDF ကျွဲချိုတပ်ခွဲမှ ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ် ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၊ အမှတ် (၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ ကျွဲချိုတပ်ခွဲရှိ ရဲဘော် မောင်ဒေးဗစ်နဲ့ ရဲဘော် မောင်ဝင်းကိုနိုင် တို့ (၂) ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ချေမှုန်းရင်း ဇွန်လ(၃၀)ရက်မှာ ကျဆုံးခဲ့တယ်လို့ ကျွဲချိုတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ်က တောပုပျူစောထီးရွာကို ၄ ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ၄ ရက် ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force - UHF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့သည့် မိုးကုတ်ပကဖ ရဲဘော် (၂) ဦးအတွက် အမိန့်ပြန် အခမ်းအနား

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံး ထိမှန်ကာ ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော် (၂) ယောက်အတွက် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပကဖက အမိန့်ပြန်တမ်းထုတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုက စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့  လူထိခိုက်မှုအများအပြားရှိခဲ့ကြောင်း TNLA က ဒီနေ့မတ်လ ၁၆ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။