အကြမ်းဖက်စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ကနေ ဒုရဲမှူးအဆင့်အထိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ယောက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အလင်းဝင်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်  ၄/၂၀၂၄ မှာ ပြောဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ ၁၁ လအတွင်း ပြည်သူ့ရင်ခွင်ဆီ ဆက်သွယ်ခိုလှုံဝင်လာတဲ့ ခြေလျင်တပ်သား ၃၀၂ ယောက် ၊ ရေတပ်သား ၁၁ ယောက်၊ လေတပ်သား ၁၁ ယောက်၊ ရဲတပ်ဖွဲ့ဝင် ၁၃၃ ယောက်နဲ့ အကျဉ်းဦးစီးဝန်ထမ်း ၅ ယောက် စုစုပေါင်း (၄၇၅) ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအထဲမှာ စစ်တပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ပါဝင်ခဲ့သလို ရဲတပ်ဖွဲ့ဘက်ကတော့ ဒုရဲမှူးအဆင့်အထိ ပါဝင်ခဲ့ပြီး ၁၉၁ ယောက်က လက်နက်နဲ့အတူ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သွေးထွက်သံယိုမှုနည်းနိုင်သမျှ နည်းနည်းနဲ့ တော်လှန်ရေးအောင်မြင်နိုင်ရေး ရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး အဆိုပါ ကော်မတီက အကြမ်းဖက်စစ်ခေါင်းဆောင်အောက်က ရုန်းထွက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာမယ့် စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စိစစ်လက်ခံကူညီပေးနေတယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

အခုနှစ် ၁၁ လတာအတွင်း  ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူတွေထဲမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့ တပ်သားသစ် ၃၃ ယောက် ပါဝင်သလို အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း စစ်သား ၃,၇၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၁,၀၀၀ ကျော် စုစုပေါင်း ၁၅,၀၀၀ ခန့် ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ရာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သူတွေနဲ့ သူတို့ မိသားစုဝင်တွေကိုလည်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကူညီပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဆက်ကြေးကောက်ရန် ထွက်လာသည့် တောပုရွာ ပျူစောထီးများ မိုင်းဆွဲခံရ၊ ၁ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အဓမ္မစစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထားဝယ် PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF ထားဝယ် ခရိုင် အမှတ် (၁) တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုထံ ရေဦးပကဖ တပ်ဖွဲ့ဝင် ၆ ဦး ပူးပေါင်းသွားကြောင်း သတင်းထွက်ပေါ် ၊ ရည်ရွယ်ချက်ရှိရှိ ပူးပေါင်းသွားတာမဟုတ်ဘဲ ထွက်ပြေးရာမှ ဖမ်းခံရပြီး ဝါဒဖြန့်တာလို့ ရေဦးပကဖ ပြော 

ကျည်ဆံခိုးရောင်းမှုကြောင့် ပြစ်ဒဏ်ပေးခံထားရသူနဲ့ အကျယ်ချုပ် ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားသူတွေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး စစ်တပ်ထံ အလင်းဝင်ရောက်လာတဲ့ပုံစံမျိုး ဝါဒဖြန့် ပုံဖျက်တာတွေ လုပ်ဆောင်နေတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင် စက်မှု (၂) ဘက် ထွက်ခွာလာသည့် စစ်အုပ်စု မိုင်းမိပြီး ထိခိုက်သူများ ရှိ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) ဘက်ကို ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

သပိတ်ကျင်းတွင် စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။