တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်က နယ်စပ်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ဗန်းမော်လို့မြို့ကြီးကို KIAက မြို့သိမ်းတိုက်ပွဲ အဖြစ် ထိုးစစ်ဆင်နေချိန်မှာ တရုတ်က ချိန်သားကိုက်ခေါ်ယူတွေ့ဆုံမှုပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကို ပြတ်ပြတ်သားသားရပ်တည်တဲ့ တရုတ်နိုင်ငံဟာ တရုတ်နဲ့ နီးစပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြင်းပြင်းထန်ထန်ဖိအားပေးနေပြီး လတ်တလောမှာလည်း KIA ကိုခေါ်ယူတွေ့ဆုံ ဖိအားပေးခြင်းဖြစ်နိုင်ကြောင်း စစ်ရေးအကဲခတ်တွေကဆိုပါတယ်။

ကချင်အထူးဒေသ ပန်ဝါနဲ့ ကန်ပိုက်တီဒေသတွေကို KIA က သိမ်းယူပြီးနောက် ဗန်းမော်မြို့ကိုပါ မြို့သိမ်းတိုက်ပွဲစစ်နွဲနေစဉ် KIA ရဲ့ ထိုးစစ်ရပ်မရပ် စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးလေ့လာသူတွေကဆိုပါတယ်။

ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ တရုတ်ဗဟိုအစိုးရက ခေါ်ယူတွေ့ဆုံခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့အတူ KIA ဟာလည်း ကချင်ပြည်နယ်မှာ စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲစဉ် တရုတ်ရဲ့ ပိတ်ဆို့ ဖြတ်တောက်မှုတွေကြောင့် စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရကြောင်း KIA ရဲ့အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော်ပြောကြားထားဖူးပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြစ်ကြောင်းအတွင်း စစ်ကောင်စီရဲ့ စက်လှေ RPG ထိမှန် မီးလောင်ပျက်စီး၊ အယောက် ၂၀ ကျော် သေပြီး ၃၀ ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ စစ်တန်း‌ကေးစက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
Read More

CDM များကို အလုပ်မခန့်ရန် လှုံ့ဆော်ခဲ့သည့် ဒေါက်တာနန္ဒဝင်းအား သခင်အားရ ကျွန်ပါးဝအဖြစ် သတ်မှတ်ကာ ပြည်သူ့ဂုဏ်ရည်ဆုရှင်စာရင်းမှ ဖယ်ရှား

ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဆုရှင်အဖြစ်ကနေ ဖယ်ရှားလိုက်ကြောင်းကို ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

နတ်မောက်မြို့နယ်တွင် တောတဲတိုက်ကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်၊ ဖခင်ဖြစ်သူ ဒဏ်ရာရပြီး (၁၄) နှစ်အရွယ် သမီးဖြစ်သူသေဆုံး…

“တဲဘေးက ငရုပ်ခင်းလေးမှာ သမီးဖြစ်သူက ပေါင်းပေါက်နေတာ၊ ဖအေဖြစ်သူကဆေးဖြန်းနေတယ်၊ အဲ့မှာကြဲလိုက်တော့ သမီးဖြစ်သူကို အရင်ထိသွားတယ်၊ ဖအေဖြစ်သူက သွားတော့ နောက်တစ်လုံးထပ်ကြဲတာ၊ ဖအေဖြစ်သူကိုပါ ထိတာ၊ သမီးဖြစ်သူက ဆုံးသွားတယ်၊ ဖအေဖြစ်သူကဒဏ်ရာရသွားတယ်” လို့ နတ်မောက်ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။
Read More

Non CDM တွေကို ဌာနလုံခြုံရေး လုပ်ဖို့ဆိုပြီး တစ်ဌာန ၅ ယောက်စီ စစ်သင်တန်း တက်ခိုင်းနေ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဌာနလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။
Read More

၂၀၂၆ ခုနှစ်အစတွင် အဆင့်မြင့်ပညာကျောင်းနှင့် ဆေးတက္ကသိုလ်များကို ဖွင့်လှစ်ရန် စီစဉ်နေဟု ဒေါက်တာဇော်ဝေစိုးပြော

“အခုဆိုရင် မြေပြင်ပညာရေးဝန်ကြီးရုံး ၊ မြေပြင်ကျန်းမာရေးဝန်ကြီးရုံး ရှိပါတယ်။ တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး အကောင်အထည်ဖော်မှုတွေကို မြေပြင်မှာရှိတဲ့ဆရာ၊ ဆရာမတွေ၊ မြေပြင်မှာရှိတဲ့ ပညာရေးဝန်ဆောင်မှုတွေကို ပေးနေတဲ့ တော်လှန်ရေးအစကတည်းက အခုချိန်ထိပေးနေတဲ့ CDM ဆရာ ၊ဆရာမတွေ အင်အားစုတွေ့နဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ဆိုရင် CDM ကျန်းမာရေးစောင့်ရှောက်တဲ့သူတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တွေ့ဖြစ်တယ်.. တိုင်ပင်တယ်၊ ကျနော်တို့ရဲ့ လွတ်မြောက်ဒေသမှာရှိနေတဲ့ ပြည်သူတွေအတွက် အကောင်းဆုံးကျန်းမာရေး ၊ ပညာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေးပြီး တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ် ” လို့ ဒေါက်တာဇော်ဝေစိုးက ဆက်ပြောပါတယ်။