မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးမှ ပြန်လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ (၆)ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ ကျေးရွာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အခုချိန်မှာ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာရှိတဲ့ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့ MDY-PDF က ဆိုပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။

သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ Voice of Mandalay – PDF)

မန္တလေးမြို့နဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ၂၅ ခုကျော်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က စတင်တဲ့ ထိုးစစ်မှာ မန္တလေး PDF က သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့နောက် ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်မှာ စစ်ကောင်စီတပ်က သာလွန်အင်အားနဲ့ မတ္တရာအနောက်ခြမ်းဒေသက ကျေးရွာတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လို့ ကျေးရွာတချို့ကို ပြန်လည် လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ထွေအုပ်ရုံးက အိမ်စီးကား တိုက်ခိုက်ခံရ၊ ၃ ပွင့်ဗိုလ်အပါ ၃ ဦး သေပြီး လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးထွေရုံးကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီအိမ်စီးကားကို စောင့်ကြိုတိုက်ခိုက်ရာ ၃ ပွင့် ဗိုလ်အပါ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကြောင်း Brave Heart Army အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာရှင်ကို တွန်းလှန်မယ့် ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ သင်တန်းဆင်း (ဓာတ်ပုံသတင်း)

ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ အခြေခံစစ်ပညာနဲ့မွမ်းမံ သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၂၅ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ပေါက်နယ်အရှေ့ခြမ်းကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေးတစ်ဦးအပါ ၅ ဦး သေဆုံးပြီး ၃၀ ဝန်းကျင်ခန့် ဒဏ်ရာရ

မကွေးတိုင်း ၊ ပေါက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူတစ်ချို့ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ပေါက်မြို့ဒေသခံဆီက သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း PDF များ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စလင်းနှင့် ဆင်ဖြူကျွန်းကို ဝန်းရံပိတ်ဆို့ထားကြောင်း NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ မကွေးတိုင်းထဲက စလင်းနဲ့ ဆင်ဖြူကျွန်းအပါအဝင် မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက် တန့်ယန်းမှာ ကျားဖြန့်လုပ်ကိုင်လို့ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက် ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ဒီဇင်ဘာ ၅ ရက်မှာ သူ့ရဲ့ဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ဝေဖန်သူ ၈၈ ဦး ဖမ်းဆီးထားကြောင်း စစ်ကော်မရှင် ထုတ်ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သူ ဝေဖန်မိသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်းနဲ့ လက်ရှိမှာ စစ်တပ်ရဲ့ “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ” ကို အသုံးချပြီး ဖမ်းဆီးထားသူ ၈၈ယောက် ရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြောပါတယ်။