ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာ ရွာသူကြီးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၇ ရက် ညဉ့်နက်ပိုင်းမှာ PNO ပြည်သူ့စစ်အဖွဲ့က တွေပူးကျေးရွာ ရွာသူကြီးကို နေအိမ်ပေါ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ PNLA က ဆိုပါတယ်။

တွေပူးရွာသူကြီး အမျိုးသားကို PNO ပြည်သူ့စစ်က ဘယ်နေရာမှာ ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘဲ ဒေသခံပြည်သူတွေကလည်း လိုက်လံစုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်ကလည်း စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ တွေပူးကျေးရွာက ကျောင်းသူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နှစ်ပေါင်း ၄၀ ကျော် အခြေစိုက်တပ်စွဲခဲ့တဲ့ သိန္ဓောစခန်းမှ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရေးအရ အဓိကကျတဲ့ သိန္ဓောစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) က ထုတ်ပြန်ထားပါတယ်။
Read More

ပေါင်မြို့နယ် ဇင်ယော်ရွာက လူငယ်၂၀ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်က လူငယ် ၂ဝ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၆ သင်တန်းဆင်းပွဲ

ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်ရွှေမှာ စစ်တပ်၊ PNA ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ ပြန်လည်ဆုတ်ခွါသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၄ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်၊ PNA ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၉ တပ်ရင်း - အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာ

မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုကနေ စစ်သား ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Golden Target Force (GTF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။