ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး တာဝန်ယူပေးခဲ့တဲ့ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့ဝင် ကိုမြတ်စံရဲ့ နောက်ဆုံးခရီးကို ဒီကနေ့နေ့လယ် ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၈၈ ကာလတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးယူပေးခဲ့တဲ့ သုံးရောင်ခြယ်အဖွဲ့က ကိုမြတ်စံဟာ ကွန်လွန်ချိန်မှာ အသက် ၅၉ နှစ်ရှိပြီဖြစ်ပြီး၊ မဆလ အစိုးရ ပြုတ်ကျရေးနဲ့ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြတာတွေအပါအဝင် ၄င်းရဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ထောင်ဒဏ် အနှစ် ၂၀ နီးပါး ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

(ဓာတ်ပုံ Than Win)

ကိုမြတ်စံကို သတင်းစာဆရာ ဦးမင်းနွယ်ဆွေ၊ မိခင် ဆိုဗီယက်ပြန် အကနည်းပြဆရာမ ဒေါ်ဝင်းဝင်းဝါတို့က မွေးဖွားခဲ့တာဖြစ်ပြီး၊ ရန်ကုန် စိန့်ပေါလ်ကျောင်းသားဟောင်းတဦးလည်း ဖြစ်ပါတယ်။

စစ်ကြောရေးနဲ့ အကျဥ်းကျခံရစဥ်အတွင်း ရရှိခဲ့တဲ့ ပြင်းထန်တဲ့ ခါးဒဏ်ရာကြောင့်ပဲ ကိုမြတ်စံ ဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေးလောက ကနေ အနားယူခဲ့ပေမယ့်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အရပ်ဘက်လူမှုအရေးနဲ့ ပန်းရဲလမ်း တေးဂီတအဖွဲ့မှာ ပါဝင်ကူညီသီချင်းဆိုတာ အပါအဝင် ပရဟိတ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ 

(ဓာတ်ပုံ Than Win)
(ဓာတ်ပုံ Than Win)

ကိုမြတ်စံကွယ်လွန်မှုအပေါ် နိုင်ငံရေးနဲ့ ပတ်သက်သူအများအပြားက ဝမ်းနည်းကြောင်း ၄င်းတို့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြခဲ့ကြသလို၊ ၄င်းတို့အထဲမှ လူငယ်တစ်ဦးကတော့  “စိတ်ဖြောင့်ဖြောင့်နဲ့သာ  သွားပါဦးမြတ်စံရေ… ဦးရဲ့တစ်ဘဝလုံးစာ ပေးဆပ်ခဲ့မှုတွေအတွက် လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုမှု ကျေးဇူးတင်နေမှာပါ။ ဦးတို့လက်ထက်မှာ မပြီးပြတ်ခဲ့တဲ့ တာဝန်တွေကိုလည်း ကျွန်တော်တို့လက်ထက်မှာ အပြီးသတ်နိုင်စေရပါမယ်” လို့ရေးသားထားပါတယ်။

(ဓာတ်ပုံ Than Win)

0 Shares:
You May Also Like
Read More

ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့ ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်တပ် ထောင်ဒဏ် ၇ စီ ချမှတ်

စစ်ကော်မရှင်က မတရားသဖြင့် ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ စီ ချမှတ်လိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
Read More

ညောင်ပင်ကြီးစုရွာကို စစ်တပ် ပေါင် (၅၀၀) ဗုံးသီး ကြဲချတိုက်ခိုက်၊ အရပ်သားပြည်သူ (၂) ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ အကြောင်းမဲ့ ပေါင်(၅၀၀)ဗုံးသီး ကြဲချတိုက်ခိုက်ရာ အရပ်သားပြည်သူ(၂) ယောက် ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တရုတ်က မြန်မာ့အရေးမှာ အိမ်နီးချင်းကောင်း မပီသစွာ ကျင့်၀တ်မဲ့ ၀င်ရောက်စွက်ဖက်ခြင်းဖြစ်

မြန်မာ့အရေးမှာ တရုတ်ရဲ့၀င်ရောက်စွက်ဖက်မှုကို တော်လှန်ရေးအင်အားစုတွေက လက်ခံမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်(ACDF) အခြေခံစစ်သင်တန်း အပတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့်သစ္စာရေသောက် အခမ်းအနား

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက်က (ACDF) နောက်တန်း‌လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်တွင် ဒီဇင်ဘာ ဒုတိယပတ်ကစလို့ စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲ ၁၅ ကြိမ် ဖြစ်ခဲ့၊ စစ်တပ်ဘက်က ၁၈ ဦး မျက်မြင်သေပြီး ၃ ဦးကို အရှင်ဖမ်းမိ၊ စစ်တပ် ခြေကုပ်ယူထားသည့်ရွာနှင့် စိုးမိုးကုန်းကို ရရှိခဲ့

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဒီဇင်ဘာလ ဒုတိယပတ်ကစလို့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ် ရှိခဲ့ပြီး စစ်တပ်ခြေကုပ်ယူထားတဲ့ ကျေးရွာ ၁ ရွာနဲ့ စိုးမိုးကုန်း ၁ ခုကို သုံ့ပန်းတွေနဲ့အတူ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။