ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာနီးပါးက ပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

ဒီနေ့ ဒီဇင်ဘာ ၈ ရက် နေ့လည် ၁၁ နာရီဝန်းကျင်အချိန်မှာ အုတ်ဖိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၂ကြောင်းခွဲကာ ဝင်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာပါ။ 

“အခုက ရိုးမအပေါ်ကို မတက်လာဘဲ တောင်ခြေ ပတ်ပတ်လည်က ကျေးရွာတွေကို စစ်ကြောင်းထိုး မီးတွေလိုက်ရှို့နေတာ။ စစ်ရှောင်က ခန့်မှန်းဆို ၁၀၀၀ ဝန်းကျင်လောက်ရှိမယ်။ ကျနော်တို့လည်း အနားကပ်မရသေးတော့ အတိအကျတော့ ပြောမရနေဘူး။” လို့ မြေပြင်ရဲဘော်တစ်ယောက်က‌ မောင်းကို ပြောပါတယ်။ 

ဒီနေ့ ညနေ ၆နာရီဝန်းကျင်မှာတော့ ဝါးဖြူချောင်းရွာနဲ့ ချောင်းစောက်ရွာကို စစ်ကောင်စီတပ်တွေက မီးစတင်ရှို့နေတယ်လို့ သိရပါတယ်။ 

သူကပဲ ဆက်လက်ပြီး “ကျွဲဖြူမနဲ့ ရွာရှောင်ရွာက အိမ်တွေကိုဖျက်ဆီးနေပြီး အဲ့၂ရွာကိုလည်း မီးရှို့မလား မသိသေးဘူး။ သူတို့ ညနေကတည်းက ကားတွေနဲ့ ဆီးပုံးတွေကို သယ်လာကြတာ။” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ရိုးမပေါ်ကိုတက်တဲ့ ကားလမ်းမဘေးက ကျေးရွာတွေဖြစ်တဲ့ စမ်းကြီးကုန်း၊ ဝင်းသရက်၊ ဝါးဖြူချောင်းရွာတွေမှာ ကင်းပုန်းဝပ်နေကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်ကြီးနှင့် မတ္တရာအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF ထုတ်ပြန်၊ စစ်ကောင်စီအလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်လာမှုတွေ ရှိနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF သတင်းထုတ်ပြန်ပါတယ်။
Read More

ဒုစရိုက်မှုကျူးလွန်ထားတဲ့ တရားမဝင်နိုင်ငံခြားသား ၈၀၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား ဟု ဆို

အွန်လိုင်းငွေလိမ် လောင်းကစားလုပ်ငန်းတွေက တရားမဝင်တဲ့ နိုင်ငံခြားသား ၈၀၀ ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်း၀ရမ်းထုတ်ရေး ပြည်တွင်းလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အင်းလေး အမျိုးသမီးသမဂ္ဂက ဦးဆောင်ကာ ပြည်သူတွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ထုတ်ပြန်၊ ဟန်ပြရွေးကောက်ပွဲတွင် ပူးပေါင်းသူများကို စစ်ရာဇဝတ်မှု ကိုယ်တိုင်ကျူးလွန်သူများအဖြစ် ပြည်သူများ သတ်မှတ်မည်ဟု သတိပေး

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု၏ ရွေးကောက်ပွဲအတုကို တနိုင်ငံလုံး ဆန့်ကျင်ကြရန်နှင့် နိုင်ငံတကာက ကန့်ကွက်ကြောင်း သဘောထားများ အခိုင်အမာ ပြသကြရန် ကရင် ၂၅ ဖွဲ့ တိုက်တွန်းတောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးက ကရင်အဖွဲ့အစည်း ၂၅ ဖွဲ့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
Read More

ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ မာထောတပ်စခန်းကြီးကို KNU သိမ်းပိုက်ရရှိ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ၊ ဖာပွန်ခရိုင် (မူတြော်)အတွင်းမှာရှိတဲ့ မာထော စစ်ကောင်စီတပ်စခန်းကြီးကို သိမ်းပိုက်ရရှိခဲ့ပြီလို့ KNU က ယနေ့ထုတ်ပြန်လိုက်ပါတယ်။