စစ်ကောင်စီကို ပိတ်ဆို့တိုက်ခိုက်နိုင်ဖို့ ရခိုင်ပြည်နယ်က နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင် တားမြစ်လိုက်တယ်လို့ AA ကထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်က နတ်မြစ်(အာရက္ခပြည်ဘက်ခြမ်း ရေပိုင်နက်) အတွင်း ရေကြောင်းခရီးသွားလာမှုတွေကို စစ်ရေးလိုအပ်ချက်နဲ့ ပြည်သူ့လုံခြုံရေးအတွက် ဒီဇင်ဘာလ ၈ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ်က စတင်ပြီး အချိန်ကာလ အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ ဒီဇင်ဘာလ ၈ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

လက်နက်တွေနဲ့အတူ ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ အပေါင်းအပါတွေဟာ နမခ(၅) အနီးအနား သာမက မောင်တောဒေသရဲ့ တခြားနေရာတွေကိုပါ ထွက်ပြေးနေပြီး ဘဂ်လားဒေ့ရှ်-အာရက္ခနယ်စပ် နတ်မြစ်တစ်လျှောက်မှာ စက်လှေ၊ လောင်းလှေတွေနဲ့ ထွက်ပြေးဖို့ ကြိုးစားနေတာကြောင့် အခုလို ပိတ်ပင်လိုက်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မောင်တောမြို့မှာ နောက်ဆုံးတစ်ခုတည်းသာကျန်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၅)ကို ဒီဇင်ဘာလ ၈ရက်နေ့ မနက်ပိုင်းမှာ AA က အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီးနောက်  စစ်ကောင်စီတပ်ဖွဲ့၀င်တချို့ ထွက်ပြေးလွတ်မြောက်မှုရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် မကွေးခရိုင် PDF တပ်ရင်း (၂) ၏ ရဲဘော် ၂ ဦးကို တပ်မှ ထုတ်ပယ်ကြောင်း ကြေညာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်းက တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ဝေလ (ခ) ဖြိုးပြည့်အောင်နဲ့ ရဲဘော်ပြောင်ကြီး (ခ) ဟိန်းမိုးစံတို့ကို တပ်ကနေ ထုတ်ပယ်ကြောင်း မိခင်တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို KNLA နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်သိမ်းပိုက်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် (၅)တပ်မဟာနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အကြမ်းဖက်စစ်ကောင်စီရဲ့ ကူးဆိပ်တံတားလုံခြုံရေးစခန်းကို နိုဝင်ဘာလ(၉)ရက်မှာ အလုံးစုံတိုက်ခိုက်သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး KNU မူတြော်သတင်းစဥ်က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲ အခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို သွားလာခွင့်ပိတ်

မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

ပုသိမ်- မုံရွာလမ်းပိုင်းမှာ PDF တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

ယောချောင်းရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဗုံးကြဲလို့ ယောချောင်းတံတားနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံး

ရခိုင်ပြည်နယ် စစ်တွေ-ရန်ကုန် ကားလမ်းဘေးက ယောချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယောချောင်းတံတားအပါအဝင် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မွန်ပြည်နယ်တဝိုက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံမှ အကြောင်းပြချက်မျိုးစုံဖြင့် ဆိုင်ကယ်ဖမ်းဆီးမှုများ လုပ်ဆောင်နေ

မွန်ပြည်နယ်က မြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုတွေကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့စုံက လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။