မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ စခန်းကြီးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကြောင်းမှူး အောင်စိုးဦး (ခေါ်) ဗိုလ်ညောင်ဦး အပါအဝင် စစ်သားနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၈ယောက်ရဲ့ အလောင်းတွေပြန်မရခဲ့ကြောင်းနဲ့ သေဆုံးဖမ်းဆီးခံရတဲ့စာရင်းတွေဖော်ပြထားတဲ့ စစ်ကောင်စီ လျှို့ဝှက်ရုံးစာကို ရရှိထားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

“ကျနော်တို့ သူတို့ရဲ့လျှို့ဝှက်ရုံးစာ ‌သေဆုံး ဒဏ်ရာရ စာရင်းတွေ ရထားတာ ဟုတ်ပါတယ်။” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ရက်နေ့က ထီးလင်းမြို့အရှေ့ဘက် ၁မိုင်အကွာ၊ ထီးလင်း – ကျင်းကားလမ်းဘေး၊ စခန်းကြီးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကြောင်းမှူးအပါ စစ်သားနဲ့ ပျူစောထီး ၈ယောက်သေဆုံးကာ ၉ယောက်ခန့် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ပျူ​စောထီး၁ယောက် အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက် ၃ လက်နဲ့ ဖုန်း ၁ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများက ထုတ်ပြန်ပါတယ်။

အရှင်ဖမ်းဆီးရမိခဲ့တဲ့ ပျူစောထီး

စစ်သား၊ ရဲနဲ့ ပျူစောထီးတပ်တွေပါတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ ထီးလင်းမြို့၊ ရွှေထီးခန်းမကနေ အင်အား၈၀ နီးပါးနဲ့ မြို့အရှေ့ဘက်ကျေးရွာတွေဆီ စစ်ကြောင်းဝင်ရောက်ရင်း ဂန့်​ဂေါခရိုင်တပ်ရင်း (၂၊ ၄၊ ၁၀၊ ၁၅ ၊ ၁၈)၊ ထီးလင်းမြို့နယ် ဒရုန်းတပ်ဖွဲ့၊ ယောတပ်တော် (YA)တို့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များပြားခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း အမှတ် ၂တပ်ရင်း၊ တပ်ခွဲ -၁ ၊ ဒုစုမှူး ရဲဘော် နေလင်းအောင် ကျဆုံးခဲ့ရကြောင်း ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ တာဝန်ရှိသူကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ရက်နေ့ကလည်း ထီးလင်းမြို့တောင်ဘက်ကို နောက်ချန်ကင်းတွေနဲ့ ရိက္ခာလာယူတဲ့ ရဲ၁ယောက်ကို အသင့်စောင့်ဆိုင်းနေတဲ့ ဂန့်ဂေါခရိုင်တပ်ရင်းတွေက ပစ်ခတ်တိုက်ခိုက်တဲ့အတွက် အဆိုပါရဲ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၄ရက်နေ့ကလည်း ထီးလင်းမြို့ ၊ မြို့မရဲစခန်းမှာတာဝန်ကျနေတဲ့ ရဲ၁ယောက်ဟာ ဂန့်ဂေါခရိုင် အမှတ်၄တပ်ရင်းထံ MA-13 သေနတ် ၁လက် ၊ ကျည်၁၄၂ တောင့်နဲ့အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခုလို စစ်ရေးတင်းမာနေတဲ့ ထီးလင်းမြို့ကို တော်လှန်ရေးတပ်တွေက  စ​​စ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားဖို့ရှိနေပြီး ဒီဇင်ဘာလကုန် နောက်ဆုံးထားကာ ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်ဖို့နဲ့ စစ်ကောင်စီဘက်တော်သားတွေ လက်နက်ချအလင်းဝင်ကြဖို့လည်း ထီးလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံတန်းမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ညောင်ပင်ဇီးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားတာကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်အာဏာရှင်လက်အောက် အနှစ်သာရ ကင်းမဲ့နေတဲ့ မြန်မာသင်္ကြန် ယူနက်စကို စာရင်းဝင်ခဲ့ပြီ

မြန်မာ့ရိုးရာအတာသင်္ကြန်ဟာ မြန်မာပြည်သူပြည်သားတွေ အားလုံးမျှော်လင့်နေတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်အဖြစ် အသိအမှတ်ပြု စာရင်းဝင်ခဲ့ပါပြီ။
Read More

လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းကို စစ်ကော်မရှင်တပ် ပြန်လည်သိမ်းပိုက်လိုက်ပေမယ့် အထိုင်ချရဲမှာမဟုတ်ဘူးဟု ဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းစစ်စခန်းကို စစ်ကော်မရှင်တပ် နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာ ပကဖ (TTA - PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ် သာစည်ရွာ ရဲစခန်းကို တော်လှန်ရေးတပ်များ အနီးကပ် သွားရောက်ပစ်ခတ်၊ ထိခိုက်သေဆုံးမှုများ ရှိနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။