ပြည်သူတွေရဲ့  တောင်းဆိုမှုတွေကြောင့်  ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရပ်တည်ခွင့်ရခဲ့မှုကို ထောက်ခံဂုဏ်ပြု ကြိုဆိုတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB ကထုတ်ပြန်ပါတယ်။

ပြည်သူတွေကို ကျေးဇူးတင်ကြောင်း မနေ့က ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့လည်း မြန်မာ့အရေးအတွက် ပိုမိုကောင်းမွန်လာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းမယ်ဆိုတာ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

ကျေးဇူးတင်ဂုဏ်ပြုလွှာထဲမှာ ဦးကျော်မိုးထွန်းဟာ လူထုက ထောက်ခံတင်မြှောက်ထားတဲ့ သံအမတ်ကြီးဖြစ်တယ်ဆိုတာကို အားစိုက်ကြိုးပမ်း သက်သေပြ တိုက်ပွဲဝင်ခဲ့တာကြောင့် ရရှိခဲ့ရတဲ့ အောင်ပွဲတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

GSCB ၏ ထုတ်ပြန်ချက်

သံတမန်ရေးနည်းအရ ကုလကနေတဆင့်   ပြည်သူ ဆန္ဒ သဘောထားတွေနဲ့ အသံတွေကို ဆက်လက်ဖော်ထုတ်သွားမှာ ဖြစ်ပြီး၊ နွေဦးတော်လှန်ရေး ပန်းတိုင်ကိုရောက်ဖို့ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့အတူ တရားဝင် ရပ်တည်ပေးခဲ့တဲ့ သံအမတ်ကြီးဟာ ဆက်လက်ပြီး ကုလစင်မြင့်မှာ ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းကို ကုလက တစ်နှစ်သက်တမ်း တပ်မံတိုးမြှင့်ပြီး တာဝန်ထမ်းဆောင်ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်​-ပြည်လမ်းပိုင်းအတွင်း လူကြီးလမ်းကြောင်းစောင့်နေသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၈ဦးသေ ပစ်ခတ်မှုဖြစ်ရာ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ရန်ကုန်-ပြည်လမ်းပိုင်းမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ လူကြီးလမ်းကြောင်းစောင့်နေတဲ့ စစ်အုပ်စုတွေ ထိတွေ့မှုဖြစ်ပြီး အထိနာသွားတဲ့ စစ်ကောင်စီက မင်းလှမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Read More

နတ်တလင်း ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ရဲ ၂ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသူများအား အရေးယူမည်ဟု မုံရွာနယ်ခံကာကွယ်ရေးတပ်များ အသိပေး

မကြာမီကျင်းပပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ  မုံရွာနယ်က ဝင်ရောက်အရွေးခံမယ့် စစ်ကောင်စီထောက်တိုင်များကို အရေးယူသွားမယ်လို့ မုံရွာနယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက မောင်းကို ပြောပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kaw Lin People Defense Force (KLPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU ဗဟို၏ စစ်ရေးနှင့် နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး၏ ဈာပနအခမ်းအနား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) စစ်ရေးနဲ့ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးစောထူးထူးလေးရဲ့ ဈာပနအခမ်းအနားပြုလုပ်တဲ့ ပုံရိပ်တွေကို KNU က မနေ့ကညပိုင်းမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာသည့် နိုင်ကျဥ်း ၅ ဦးကို ထောင်ဗူးဝတင် စစ်အုပ်စု ပြန်ဖမ်း၊ မတရား အမှုထပ်ကပ်ကာ အကျဉ်းထောင် ပြန်ပို့ထား

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သာယာဝတီအကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်ကို စစ်အုပ်စုက ထောင်ဗူးဝမှာတင်ပြန်လည်ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မနဲ့ ထပ်မံတရားစွဲဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။