ထိုင်း-မြန်မာနယ်စပ်မှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) နဲ့ ဖြစ်ပွားနေတဲ့ တင်းမာမှုနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားအဆင့်မဟာဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီအနေနဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကိုင်တွယ်ဆွေးနွေးဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
ထိုင်းနယ်စပ်အနီး UWSA တည်ရှိနေခြင်းက စိုးရိမ်စရာဖြစ်လာတယ်လို့ ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင်၊ ကော်မတီဥက္ကဋ္ဌ Rangsiman Rome က ပြောပါတယ်။
နယ်စပ်တလျှောက် ကာလရှည်ဖြစ်ပွားနေတဲ့ ပြဿနာတွေ အထူးသဖြင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် အပြစ်မဲ့ပြည်သူတွေ မကြာခဏ ထိခိုက်နေရပြီး ထိုင်းမှာ ခိုလှုံတဲ့ ဒုက္ခသည် ၂ သန်းကျော်လာတယ်လို့ ၎င်းက ဒီဇင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ ထိုင်းအနေနဲ့ ဒုက္ခသည် ၁သိန်းခန့်သာ လက်ခံနိုင်တာကြောင့် ဒုက္ခသည်ဝင်ရောက်မှု ကြီးမားလာရင် ကိုင်တွယ်နိုင်စွမ်းမရှိဘူးလို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။
မြန်မာ့ပြည်တွင်းပဋိပက္ခရဲ့ အကျိုးသက်ရောက်မှုတွေကို ထိုင်းအနေနဲ့ ရှောင်လွှဲမရကြောင်း၊ အကြမ်းဖက်မှုတွေ ပြင်းထန်လာရင် လူတွေအနေနဲ့ နယ်စပ်ဖြတ်ပြီး ထိုင်းကို မလွဲမသွေ ထွက်ပြေးလာမှာဖြစ်ကြောင်း၊ ဒုက္ခသည်တွေကို လက်မခံရင်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ် ထိုင်းအနေနဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်ကြောင်း Mr Ransiman က အလေးပေးပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့မှာ UWSA နဲ့ ပတ်သက်လို့ ကော်မတီရဲ့ဆွေးနွေးပွဲမှာ ယခင်သီတင်းပတ်က မြန်မာ့ရေပိုင်နက်အတွင်း ထိုင်းစက်လှေတွေကို စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးမှုကိုလည်း ဆွေးနွေးမယ်လို့ သူကဆိုပါတယ်။
မယ်ဟောင်ဆောင်ခရိုင်မှာ UWSA တပ်စခန်းတချို့ ထိုင်းနယ်မြေကို ကျူးကျော်ဝင်ရောက်နေကြောင်း ထိုင်းသတင်းတွေက ဖော်ပြနေတာပါ။ ထိုင်းစစ်တပ်ကတော့ အဆိုပါသတင်းတွေကို ငြင်းဆိုထားပြီး နှစ်ဖက်ဆက်ဆံရေးကောင်းမွန်ကြောင်း ပြောဆိုထားပါတယ်။ UWSA ကလည်း ၎င်းတို့ရဲ့စခန်းချနယ်မြေဟာ ထိုင်းပိုင်နက်လို့ ပြောလို့မရကြောင်း တုံ့ပြန်ထားတာရှိပါတယ်။
“ဝ ဟာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ အထူးသဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားလို့ နာမည်ဆိုးနဲ့ကျော်ကြားတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုအပေါ် သူတို့ရဲ့လွှမ်းမိုးမှုကို ပြနေတဲ့ သက်သေတွေရှိနေပြီး နယ်စပ်ဖြတ်ကျော် ကျုးကျော်မှုတွေက လက်ခံနိုင်စရာမရှိဘူး” လို့ Mr Rangsiman က ဆိုပါတယ်။
“ဒီကျုးကျော်မှုတွေက မကြာသေးမီနှစ်တွေအတွင်း ထိုင်းရဲ့ ပြင်းထန်တဲ့ မူးယစ်ဆေးဝါးပြဿနာနဲ့ ဆက်စပ်မှုရှိနိုင်တယ်”လို့ သူက စွပ်စွဲထားပြီး အကျယ်တဝင့်တော့ မပြောပါဘူး။
တာချီလိတ်လို မြန်မာပြည်က ဝ ရဲ့ ထိန်းချုပ်နယ်မြေကို ထိုင်းကနေ လျှပ်စစ်ဓာတ်အားပေးနေတာက သွယ်ဝိုက်သောနည်းနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို ပံ့ပိုးပေးနေတာ ဖြစ်နေနိုင်တယ်လို့ အစီရင်ခံစာတွေကို ကိုးကားပြီး သူကဆိုပါတယ်။
မူးယစ်ဆေးထုတ်လုပ်ရာမှာ ထိုင်းရဲ့လျှပ်စစ်ကို သုံးမသုံး အတည်မပြုနိုင်ပေမဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ စွမ်းအင်လိုအပ်ချက်ကြီးတာကြောင့် အဲဒီစွမ်းအင်အရင်းအမြစ် အသုံးပြုမှုက မေးခွန်းထုတ်စရာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က‌ ရေးပါတယ်။
New- Bangkok Post
0 Shares:
You May Also Like
Read More

ဒီဇင်ဘာမကုန်ခင် ပန်းရောင်ကတ် လုပ်ပေးမယ်လို့ ထိုင်းအစိုးရ ကြေညာ

ထိုင်းနိုင်ငံအတွင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ တရားဝင် အလုပ်လုပ်ခွင့်ကတ်ကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မတိုင်ခင် ပြုလုပ်ပေးသွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်မှာ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Read More

ဒါရိုက်တာ သည်မော်နိုင်ရဲ့ MA Cry of silence ရုပ်ရှင်ကား ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိ

မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကြားက အထည်ချုပ်စက်ရုံ အလုပ်သမ ၁ ယောက်ရဲ့ဘဝအခြေအနေတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်မော်နိုင် ရဲ့ MA Cry of silence ရုပ်ရှင်ကားဟာ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြခဲ့သည့် ထိုင်းကျောင်းသားပြန်လွတ်လာပေမယ့် မြန်မာနှစ်ဦး ပြန်မလွတ်သေး…

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC အစည်းအဝေးတက်ရောက်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ယောက် ပြန်လည် မလွတ်မြောက်လာသေးဘူးလို့ သိရပါတယ်။
Read More

AAC ရုံးအဆောက်အဦကို ရက် ၆၀ အတွင်း ထိုင်းအစိုးရ ဖျက်ခိုင်း

ထိုင်းရောက်မြန်မာအလုပ်သမားအရေးကို ကူညီဖြေရှင်းပေးတဲ့ AAC အဖွဲ့ရဲ့ ရုံးအဆောက်အဦကို ထိုင်းအစိုးရက ချိတ်ပိတ်လိုက်ပြီး ရက် ၆၀ အတွင်း မဖျက်သိမ်းပေးရင် ဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ကြောင်း လာရောက် စာကပ်သွားတယ်လို့ သိရပါတယ်။
Read More

တရုတ်နိုင်ငံသားတွေကို အလုံးအရင်းလိုက် နေရပ်ပြန်ပို့ရေး စီစဉ်ဖို့ တရုတ်ဒုဝန်ကြီး မဲဆောက်သွား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကမ္ဘောဒီးယား၏ အပစ်ရပ်ချိုးဖောက်မှု အစီရင်ခံစာ မလေးရှား၊ တရုတ်နှင့် အမေရိကန်တို့ကို ထိုင်း တင်ပြ

ဇူလိုင်လ ၂၈ ရက်က မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ အိမ်ရှင်အဖြစ်နဲ့ သက်သေတွေအဖြစ် တက်ရောက်ခဲ့ကြတဲ့ မလေးရှား၊ အမေရိကန်နဲ့ တရုတ်တို့ကို ကမ္ဘောဒီးယားရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချိုးဖောက်ခဲ့တဲ့အကြောင်း အစီရင်ခံစာ တင်သွင်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်က ဇူလိုင်လ ၂၉ ရက်မှာ ပြောပါတယ်။