ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ KIA နဲ့ စစ်ကောင်စီတို့ရဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်  ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေ ပိတ်မိနေတယ်လို့  ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစတင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြင်းထန်တဲ့ ထိုးစစ်တွေနဲ့ ဗန်းမော်မြို့ကို စတင်ကာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး စစ်ကောင်စီကလည်းမြို့မကျစေရေးအတွက် လေကြောင်း၊လက်နက်ကြီးတွေနဲ့ခုခံနေတယ်လို့ သိရပါတယ်။

လူဦးရေ တစ်သိန်းကျော်ရှိတဲ့ ဗန်းမော်မြို့မှာ မိုးမောက်၊ မံစီမြို့ဘက်က စစ်ဘေးဒုက္ခသည်တွေ ပြောင်းရွှေ့နေထိုင်ကြတာဖြစ်ပြီး တိုက်ပွဲစတင်ကတည်းက ဒေသခံတချို့ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ပေါ်က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်စခန်းတချို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး လတ်တလောမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေပြတ်တောက်နေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့အတွင်းသို့ KIA ပူးပေါင်းတပ်များ ဝင်နေပြီဖြစ်ပြီး စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၂၃၆) တပ်စခန်းနှင့် ကွန်ပျူတာတက္ကသိုလ်အနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ KIA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်အချို့မှာ ဖော်ပြထားပါတယ်။

ဗန်းမော်မြို့ခံအများစုဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း နီးစပ်ရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့တွင်းမှာလည်း ဒေသခံအချို့ ပိတ်မိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်လည်း ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေလည်း ရှိနေတယ်လို့သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဟာပြီးခဲ့တဲ့ နိုဝင်ဘာလက ကန်ပိုက်တီမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး မြစ်ကြီးနာ-ဗန်းမော်လမ်းပိုင်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

ဒီဇင်ဘာလပထမပတ်အတွင်းမှာတော့ KIA တရုတ်ရဲ့ ဖိအားတွေကြားထဲကနေ ကချင်ပြည်နယ်ရဲ့ မြို့ကြီးတစ်ခုဖြစ်တဲ့ ဗန်းမော်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် ဆင်နွှဲနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ယာလုပ်ကိုင်သူများ အိပ်မောကျချိန် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံးကြဲချ၊ အသက် ၃ နှစ် ကလေးငယ်အပါ ပြည်သူ ၈ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပွင့်ဖြူခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီက တောင်ယာလုပ်ကိုင်သူတွေစုနေတဲ့ ယာတဲအိမ်တွေကို စက်တပ်​လေထီး (Paramotor) နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ နှစ်အရွယ် ကလေး ၁ ယောက် အပါအဝင် အရပ်သား ၈ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။
Read More

နတ်မောက်နှင့် မြို့သစ်တွင် စစ်ထောက်ပို့ကားတန်းနှင့် ကင်းပုန်းဝပ်စစ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး ထက်မနည်း သေ

မကွေးတိုင်း၊ မကွေးခရိုင်အတွင်းက မြို့သစ်နဲ့ နတ်မောက်မြို့နယ်တို့မှာ ကင်းပုန်းဝပ် စစ်သားတွေနဲ့ ထောက်ပို့ စစ်ကားတန်း တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေက အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်မှာ စစ်အာဏာရှင်အလုံးစုံပပျောက်ရေး ဆောင်ရွက်နေတဲ့ AA ကို ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတပ်တော် AA အနေနဲ့ အမ်းက  နပခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း အပါအဝင် ရခိုင်ပြည်နယ်တစ်ခွင်လုံး စစ်ကောင်စီကင်းစင် ပပျောက်ရေး လုပ်ဆောင်နေမှုအပေါ် အထူးပင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

၂၀၂၅ ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီတပ်ထံမှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂၇၀ ဦး ရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇွန်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဆီက အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း အယောက် ၂၇၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

မြန်မာနဲ့တရုတ်ဟာ အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးနိုင်ငံတွေလို့ အစီရင်ခံစာမှာပြော

မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံတွေဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

ရောက်ရာအရပ်မှာ အပစ်ရပ်မယ်၊ စစ်ကောင်စီလည်း ဝေဟင်မြေပြင် ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းဖို့ MNDAA ထုတ်ပြန်၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ စွဲကိုင်ထားတယ်လို့ MNDAA ဆို

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အနေနဲ့ ရောက်ရာအရပ်မှာ အပစ်ရပ်မှာဖြစ်ပေမယ့် စစ်ကောင်စီကလည်း မြန်မာနိုင်ငံနေရာအနှံ့က ဝေဟင်နဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းပေးရမယ်လို့ ပြည်တွင်းစစ်ရေးပဋိပက္ခ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ဒီဇင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ MNDAA က ဖော်ပြထားပါတယ်။