ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း ထောက်ပံ့ကြေးဆိုပြီး ပိုက်ဆံကောက်ခံနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ကောက်ခံထားတဲ့ ငွေတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ပြန်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖျာပုံမြို့နယ်မှာဆိုရင် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မင်းဦး ဆိုသူက ရပ်ကွက်အတွင်း ကောက်ခံထားတဲ့ ငွေတွေကို ပြန်လိုက်ပေးနေတယ်လို့ သိရပါတယ်။

“ကောက်ခံတုန်းကတော့ အောင်မင်းဦး သူကိုယ်တိုင်ပဲ ကောက်ခံခဲ့တာလေ။ တစ်အိမ်ထောင်ကို ၂သောင်းကျပ် ထည့်ရတာ။ စစ်မှုထမ်း ထောက်ပံ့ဖို့ဆိုပြီး ကောက်တာ။ နောက်ပိုင်း သတင်းတွေထဲအထိပါလာတော့ သူ့အထက်က သူ့ကို ခေါ်ကြပ်လားမသိဘူး။ အခု ပြန်ပေးနေတာ” လို့ ဖျာပုံမြို့ အမှတ် ၁ရပ်ကွက်နေ အမည်မဖော်လိုသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ဧရာဝတီတိုင်း အပတ်စဉ် (၇) စစ်မှုထမ်းသင်တန်းဖွင့်ပွဲမှာ မြင်တွေ့ရတဲ့ စစ်ကောင်စီလက်အောက်ခံ တိုင်းဝန်ကြီးချုပ် တင်မောင်ဝင်း

“ဒီဇင်ဘာလ ၆ရက် ဒီနေ့ပဲ တစ်အိမ်တက်ဆင်း လိုက်ပေးပြီး ငွေလက်ခံရရှိကြောင်း လက်မှတ်တွေပါထိုးခိုင်းနေတယ်။ သူတို့တောင်းထားတာ ပထမ စစ်မှုထမ်းဖို့ အသက်ပြည့်မီသူတစ်ဦးရှိရင် ကျပ်ငွေ ၂သောင်း သတ်မှတ်ခဲ့တယ်။ အိမ်ထောင်စုတစ်စုမှာ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်လို့ လူ၅ယောက်ရှိရင် ၁သိန်းကျပ်စီ ကောက်ထားတာ။ နောက်မှ စစ်မှုထမ်း ပါဝင်သူတွေကို စစ်မှုထမ်းထောက်ပံ့ကြေး ခေါင်းစဉ်တပ်ကောက်ယူထားတာ” လို့လည်း အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ်မှာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး အဆင့်ဆင့်ဟာ စစ်မှုထမ်း မပါဝင်တဲ့ ပြည်သူတွေဆီက စစ်မှုထမ်း ထောက်ပံ့ကြေးဆိုပြီး ငွေကောက်ခံမှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကောက်ခံထားတဲ့ ငွေတွေနဲ့ ပတ်သက်ပြီး ဖျာပုံမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပထမဆုံး ပြန်ပေးတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က နိုင်ငံတော်အဆင့်မဟုတ်ဘဲ ပြည်နယ်အဆင့် စီးပွားရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း NUG ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။
Read More

ရိက္ခာလာပို့တဲ့စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် စစ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ဖို့ထွက်လာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက အသိပေးထုတ်ပြန်ပါတယ်။
Read More

အောင်လံ၊ ဆပ်ဆူဝရွာတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၂ ဦးအပါ ၄ ဦး သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတွေအပါ အရပ်သား သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၇၀၀ နီးပါး သေဆုံးခဲ့ရ

ကရင်နီနဲ့ ရှမ်းတောင်ဒေသမှာ စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်အတွင်း အရပ်သားပြည်သူ ၆၈၀ ကျော် သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။
Read More

ABSDF အမှတ် ၂ စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ တော်လှန်ရေးရဲဘော် ၁၄၇ ယောက် သင်တန်းဆင်းခဲ့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၂ စစ်ကြောင်းမှာ ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်က စစ်ကြောင်း ၂ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

Sky Villa ကွန်ဒို အပျက်အစီးများအကြား ကလေး ၁ ဦးအပါ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

တစ်နိုင်ငံလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုကနေ ဧပြီလ ၂၄ ရက် ဒီနေ့မှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။