ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့အရှေ့က ချမ်းသာကုန်းအုပ်စု၊ သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာက လူငယ် ၅ယောက်ကို စစ်ကောင်စီတပ်တွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဲဒီထဲက လူငယ် ၃ ယောက်ကို ပြန်လွှတ်ပေးဖို့ သူတို့ရဲ့မိသားစုဝင်တွေက သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲဒီလူငယ် ၅ ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့၊ မနက် ၅ နာရီလောက်က သရက်ဖြူကံ၊ သုံးဆယ်လမ်းမကြီး၊ ဒါဘီးချောင်းတံတားအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

“ဖမ်းမိမိချင်း ဖုန်းတွေအားလုံးကို သိမ်း၊ စက်ပိတ်ခိုင်းပါတယ်။ အဲဒီနေ့က လူဦးရေတော်တော်များများ ဖမ်းခံရတာပါ။ အဲ့ထဲကမှ  သူတို့ စိတ်ကြိုက် ၅ ယောက်ကို ရွေးပြီး ခေါ်သွားတာပါ” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဖမ်းခံလိုက်ရတဲ့ လူငယ် ၅ ယောက်ဟာ သရက်ဖြူကံကျေးရွာက မောင်ကျော်မင်း၊ မောင်ဇော်မင်းလတ်၊ မောင်ဇော်ထက်တို့ ၃ယောက်နဲ့ ချမ်းသာကုန်းရွာက လူငယ် ၂ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

ချမ်းသာကုန်းကျေးရွာအုပ်စုထဲက သရက်ဖြူကံရွာနဲ့ ချမ်းသာကုန်းရွာမှာ နှစ်ရွာပေါင်း အိမ်ခြေ ၆၀၀ ကျော်ရှိပြီး စစ်မှုထမ်းကင်းလွတ်ခွင့်ရဖို့ ကျေးရွာနေ ပြည်သူတွေက တစ်အိမ်ထောင်ကို ၃ သောင်း/ ၄ သောင်းနှုန်းနဲ့ ထည့်ဝင်ပေးရတာဟာ အကြိမ်ပေါင်းမနည်းတော့ဘူးလို့ သိရပါတယ်။

“သရက်ဖြူကံရွာက ၃ဦးကို ပြန်ရွေးတော့ ၃ဦးပေါင်း သိန်း ၂၀၀ ပေးရတယ်။ ရွေးဖို့ ပိုက်ဆံက ပေးထားပြီးပြီ၊ ဒီနေ့ ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ ကလေးတွေက ဆံပင်တွေတောင် ညှပ်ထားပြီးနေပြီ။” လို့ ဆိုပါတယ်။

သရက်ဖြူကံက ပေါ်တာဆွဲခံရသူ မောင်ကျော်မင်းရဲ့ ဖခင်ဖြစ်သူ ဦးတင်ဝင်းဆိုရင် ကြံ့ခိုင်ရေးပါတီဝင် စစ်တပ်ထောက်ခံသူ ဖြစ်ပေမယ့် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးရာမှာ သားဖြစ်သူပါ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

အလားတူ ရန်ကုန်တိုင်းထဲက ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့တို့မှာလည်း စစ်မှုမထမ်းမနေရ ဥပဒေစထုတ်ကတည်းက လူငယ်တွေ စစ်မှုမထမ်းရရေးအတွက် အုပ်ချုပ်ရေးမှူးတွေဆီ တစ်လကို ၂သောင်းကျပ် လစဉ်ပေးဆောင်နေရပြီး မပေးနိုင်တဲ့ သူတွေကတော့ စစ်မှုထမ်းနေရတယ်လို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော် ပြုလုပ်ခဲ့

ဟန်ပြအပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်ရေးတိုက်ခိုက်မှု ၄၀၀ ကျော်အထိပြုလုပ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲ့ လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်ရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်း - မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က တပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ အသုံးပြုမည်ဟု ယူဆရသည့် Y-8 လေယာဉ်နှစ်စင်း ကူးမင်းလေဆိပ်တွင် တွေ့ရှိခဲ့ဟု Myanmar Witness ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မတော်(လေ) (MAF) အမှတ်တံဆိပ်ပါ Shaanxi Y-8F-200W နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်းကို တရုတ်နိုင်ငံ ကူးမင်းလေဆိပ်ရှိ နေရာတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ Myanmar Witness က မနေ့က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် Justice For Myanmar ရွေးချယ်ခံရ

Justice For Myanmar (JFM) အဖွဲ့က ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထုရဲ့ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ JFM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တွင် မနေ့ညက ၃ ကြိမ် ငလျင်လှုပ်ခဲ့ပြီး ဒီမနက် ၁ ကြိမ် ထပ်မံလှုပ်ခတ်

ရန်ကုန်မြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့မနက်ပိုင်းမှာ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။