ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ဒီဇင်ဘာ ၅ ရက်မှာ သူ့ရဲ့ဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်မှာ တရုတ်အလိုကျ စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေပြုလုပ်နေပြီး တန့်ယန်းမြို့မှာ ဒါဟာ တတိယအကြိမ်မြောက် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂ ရက်က  တန့်ယန်းမြို့နယ်က နေအိမ်တစ်လုံးမှာ အွန်လိုင်းအသုံးပြုပြီး ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သတင်းရရှိမှုကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဝါဒဖြန့်မီဒီယာတွေမှာ ရေးသားထားပါတယ်။ 

ဖမ်းဆီးရရှိမှုအတွင်း ကွန်ပျူတာ ၂၆ လုံး၊ ဆက်စပ်ပစ္စည်း ၂၆ မျိုး၊ ဖုန်းမျိုးစုံ အလုံး ၁၃၀၊ CZ 75 D 9MM ပစ္စတို ၁ လက်၊ ကျည် ၈ တောင့်၊ Beretta 9 MM ပစ္စတို ၁ လက်၊ ကျည် ၇ တောင့်၊ Type 81 အမျိုးအစား သေနတ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့်၊ ၄၀ မမ ပြောင်း ၁ ခု တို့ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို စစ်ကောင်စီနည်းတူ ရှမ်းမြောက်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေတာပါ။

စစ်ကောင်စီက ကျားဖြန့်လုပ်ငန်းတွေကနေ သူတို့ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံထံ နယ်စပ်ကနေတဆင့် မကြာခဏလွှဲပြောင်းမှုတွေလည်း ပြုလုပ်ထားပါတယ်။

လတ်တလော ဖမ်းဆီးထားတဲ့ သူတွေကိုတော့ တန့်ယန်းမြို့မရဲစခန်းမှာ အီလက်ထရောနစ် ဆက်သွယ်ရေးဆိုင်ရာပုဒ်မ ၃၃ (က)၊ လူဝင်မှုကြီးကြပ်ရေးအက် ဥပဒေ ၁၃ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် မဟာမြတ်မုနိဘုရား အဆောက်အအုံ အပါအဝင် သမိုင်းဝင် မယ်နုအုတ်ကျောင်း၊ ရွှေစာရံစေတီတို့လည်း ပြိုကျပျက်စီးခဲ့

မတ်လ ၂၈ရက် ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းအတွင်းမှာ မန္တလေး မဟာမြတ်မုနိဘုရားကြီးရှိရာ အဆောက်အအုံ အပါအဝင် သမိုင်းဝင် အင်းဝမယ်နုအုတ်ကျောင်း၊ ပုထိုးတော်ကြီးနဲ့ ရွှေစာရံစေတီတော်တို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

စလင်းတွင် စစ်ကြောင်းထိုး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေ

" မေလ ၁၃ ရက်နေ့ကစလို့ အခုအထိ လေကြောင်း ၂ ရက်ဆက်တိုက် ပစ်ခတ်ခံရတယ်။ စလင်း-ချောက် တောင်ဘက်ခြမ်းကနေ မြောက်ဘက်ခြမ်းထိ စစ်ကြောင်းထိုးနေတာပါ။ အင်အား ၃၀၀ ဝန်းကျင်ရှိတယ်။ ဒီနေ့နဲ့ဆို တိုက်ပွဲက ၁၂ ရက်ကြာ တောက်လျှောက်တိုက်ပွဲဖြစ်နေတာပါ" လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) တာဝန်ရှိသူ ၁ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းကွန်းတိုက်ပွဲအတွင်း Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အာနိုး ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်အခြေစိုက် Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

သင်တန်းသား၊ သင်တန်းသူ ၈၂၂ ဦး တက်ရောက်ခဲ့သည့် TNLA ၏ အပတ်စဉ် (၆၇) စစ်ရေးသင်တန်း၏ သင်တန်းဆင်းပွဲ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံနေပြီး အမ်း နပခ အဆောက်အအုံ မီးလောင်ကျွမ်းနေတဲ့ ရုပ်သံ AA ထပ်မံထုတ်ပြန်

အမ်းမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အဆောက်အအုံရဲ့ နေရာတချို့ မီးလောင်နေတဲ့ ရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၁၇ ရက် မနေ့က ညဦးပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အရာတော်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်သည့် စစ်အုပ်စု ခြုံခိုတိုက်ခံရ၊ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။