ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး – KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်မှာ နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၈၈ ယောက် သေဆုံးခဲ့တယ်လို့ KNU – ဖာပွန်ခရိုင်က တရားဝင် ထုတ်ပြန်ထားပါတယ်။

ဖာပွန်(မူတြော်)ခရိုင်၊ အမှတ် ၅ တပ်မ ဟာ ထိန်းချုပ်နယ်မြေအတွင်း နိုဝင်ဘာလ ၁ ရက်ကနေ ၃၀ ရက်အထိ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာ၊ ပူးပေါင်း မဟာမိတ်စစ်သည်တော်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပေါင်း ၄၃ ကြိမ်တိတိ ဖြစ်ပွားခဲ့တယ်လို့ KNU က ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူး ၁ ယောက်နဲ့ ဒုတပ်ရင်းမှူး ၁ ယောက် အပါအဝင် စစ်သား ၈၈ ယောက် သေဆုံးကာ ၁၃ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မာထောစခန်းအား သိမ်းပိုက်ရရှိစဉ်တွင်း သိမ်းဆည်းရမိသော လက်နက်ကခဲယမ်းများ (ဓာတ်ပုံ KNU)

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ကူးဆိပ်တပ်စခန်းနဲ့ မထောတပ်စခန်းတို့ကိုလည်း KNLA တပ်မဟာ စစ်သည်တော်တွေနဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေ အလုံးစုံသိမ်းပိုက် နိုင်ခဲ့ပါသေးတယ်။

နိုဝင်ဘာ ၁ လတာအတွင်း အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးသီး ၁၆ လုံး ကြဲချခဲ့ရာ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ ရပ်ရွာနဲ့ လုပ်ကိုင်စားသောက်ရာ နေရာအတွင်း ဗုံးသီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်နဲ့ ပေါက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၀ ခန့်က ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲကို အကြမ်းဖက်စစ်သားတွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

အညာအခြေစိုက် တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလိုက်သည့် ထနောင်းမြေစစ်ကြောင်း

အညာဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Anyar Federal Task Force (AFTF)၊ Freedom Fighter Guerrilla Force (FFGF) နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထနောင်းမြေစစ်ကြောင်း (Acacla Column) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

ပုသိမ်ကြီးနှင့် မတ္တရာအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF ထုတ်ပြန်၊ စစ်ကောင်စီအလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်လာမှုတွေ ရှိနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း MDY PDF သတင်းထုတ်ပြန်ပါတယ်။
Read More

လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့မရနိုင်ဘူးလို့ SNLD သတိပေး

တိုင်းပြည်အတွက် လိုအပ်နေတဲ့ လူထုအုပ်ချုပ်ရေးမှာ လူထုမပါဝင်ဘဲ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ကြောင်း  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် - SNLD က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြမည်ဟု အလယ်ပိုင်းဒေသ တော်လှန်ရေးတပ်များ အသီးသီး ထုတ်ပြန်

တနိုင်ငံလုံး စစ်ကျွန်ဘဝက လွတ်မြောက်ပြီး ပြည်သူတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်သွားမယ့်အကြောင်း အလယ်ပိုင်းဒေသတွင်းက တော်လှန်ရေးတပ် အသီးသီးက ထုတ်ပြန်လာကြပါတယ်။
Read More

MNDAA ဖမ်းဆီးထားသည့် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို အမြန်ဆုံးလွတ်ပေးရန် ရှမ်းနှင့် ကချင်အရပ်ဖက်အဖွဲ့အစည်း တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြို့နယ် မိုင်းယော်တိုက်နယ်၊ လုံးမွန်းကျေးရွာက ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ ဖမ်းဆီးထား‌တဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို အမြန်ဆုံးလွတ်ပေးဖို့ ရှမ်းနဲ့ ကချင်အရပ်ဖက် အဖွဲ့အစည်းတွေက ‌‌တောင်းဆိုထားပါတယ်။