အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဗဟိုဘဏ်ဖြစ်တဲ့နွေဦးဘဏ်က  ICO Round 2 အိမ်ပြန်ခရီးစဉ်အဖြစ် အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁၀ သန်းပြည့်မီသွားတာကြောင့် ရှယ်ယာဝယ်ယူခွင့်ကို ၃ ရက်ထပ်မံ တိုးမြှင့်လိုက်တယ်လို့ နွေဦးဘဏ်က ထုတ်ပြန်ကြေညာပါတယ်။

အများပြည်သူရဲ့ ဝယ်ယူမှု များပြားလာတာကြောင့် ရှယ်ယူဝယ်ယူခွင့်ကို ထပ်မံရက်တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နွေဦးဘဏ်က ICO Round 2 အိမ်ပြန်ခရီးစဉ်အဖြစ် အစုရှယ်ယာတွေကို ရောင်းချနေတာဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၁၀ သန်းပြည့်မီသွားတာ ဖြစ်ပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် နည်းပညာ အခက်အခဲကို ကျော်လွှားပြီး အမိအရ ပါဝင်လိုတဲ့ နိုင်ငံတကာမှ ပြည်သူလူထု ကို လေးစားသောအားဖြင့် လည်းကောင်း ၊ ICO 2 နှင့် ပတ်သက်ပြီး ကောင်းနိုးရာရာ အကြံပြုကြတဲ့ နွေဦးပျားရပ်ဝန်းမှ တောင်းဆိုမှုကို ထောက်ရှုသောအားဖြင့်လည်းကောင်း ၊ နွေဦးဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့မှ နောက်ဆုံးအခွင့်အရေး ရှယ်ယာဝယ်ယူခွင့်အား ဒီဇင်ဘာ (၈) ရက်နေ့ အထိ တိုးမြှင့်ပေးလိုက်ပါတယ် “လို့ NUG ရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ရှယ်ယာဝယ်ယူချင်ရင် ဒီဇင်ဘာလ ၈ရက်နေ့အထိ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

“တစ်ဆယ် ၊ တစ်ရာ ၊ တစ်ထောင် က စလို့ သိန်းဂဏန်းအထိ နေ့စဥ် စက္ကန့်နှင့်အမျှ တခဲနက် အားပေးဝန်းရံမှုများကြောင့်သာ ဖြစ်ပါတယ်။ ဘုံအနာဂတ်ကို ရင်းနှီးမြှုပ်နှံကြသူ အစုစု၏ ယုံကြည်သက်ဝင်မှု ခွန်အားတိုင်းကို တန်းတူ တန်ဖိုးထား ဂုဏ်ယူတယ် “လို့ နွေဦးဘဏ်က သူရဲ့ဆိုရှယ်မီဒီယာကတဆင့် ကြေညာပါတယ်။

အစုရှယ်ယာကို  ပြည်တွင်းပြည်ပက ဝယ်ယူမှုတွေရှိခဲ့ပြီး စံချိန်တင်အဖြစ် ပြည်တွင်းက တော်လှန်ပြည်သူတစ်ယောက်က ဒေါ်လာ တစ်သိန်း မြန်မာငွေဖြင့် ငွေကျပ်သိန်းလေးထောင်ကျော်ဖိုး ဝယ်ယူခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကုတ်မှာ AA ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မိုင်းအန္တရာယ်ကင်းစင်ရေး လုပ်ငန်းများ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မိုင်းအန္တရာယ် ကင်းစင်ရေးလုပ်ငန်းတွေကို ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။
Read More

ဒဂုံတောင်က အုပ်ချုပ်ရေးမှူးရုံးအတွင်း စစ်ဆင်ရေးလုပ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံခဲ့ရကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေ မှာ ဖော်ပြလာပါတယ်။
Read More

ရပ်စောက်မြို့ ကျောက်ဂူဒေသမှာ DPLA နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့  ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ DPLA က ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၁လောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းကို မနေ့က တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ ဒီဇင်ဘာ ၃ရက် မနက် ၈နာရီလောက်က မှော်စီစာကျေးရွာ A2 ရပ်ကွက်က ကျင်းတူးနေတဲ့နေရာအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ မူးယစ်ဆေးသုံးစွဲသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ကန့်ဘလူ လှည်းပွဲရွာအား မီးရှို့နေသည့် စစ်ကော်မရှင်တပ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လှည်းပွဲရွာကို မီးရှို့နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဗိုလ်မုန်တိုင်းထံက သိရပါတယ်။
Read More

သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ အကြမ်းဖက်စစ်ကြောင်းထံက ၆ လက် ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။