မကွေးတိုင်း အမ်း-ပဒါန်းလမ်းမပေါ်မှာ အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ရိက္ခာယာဉ် ၃ စီးကို ဒီဇင်ဘာ ၄ ရက် မနေ့က နေ့လည်ပိုင်းမှာ ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  PRA-Magway တပ်ဖွဲ့ထံက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ယာဉ် ၂ စီး ထိခိုက်ပျက်စီးသွားပြီး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သား ၉ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါ တယ်။

နိုဝင်ဘာ ၂၃ ရက်ကလည်း ငဖဲမြို့နယ် ဘုံးဘောရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၉၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ မင်းဘူး ခရိုင်တပ်ရင်း (၂) စတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ-အမ်း) ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ တပ်ပြေးစစ်သားတွေကို  PRA-Magway က ကင်းပုန်းချ ပိတ်ဆို့ဖမ်းဆီးမှုတွေ ပြုလုပ်လျက်ရှိရာ မြေပြင်မှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲမှတ်တမ်းတွေအရ နိုဝင်ဘာနဲ့ ဒီဇင်ဘာပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား အင်အား ၅၀ ကို PRA-Magway အနေနဲ့ ချေမှုန်းနိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) ထံက သိရပါတယ်။
Read More

မင်းကွန်းမြသိန်းတန်ဘုရားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြသိန်းတန်ဘုရားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၂၁ ရက်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ဆီဆိုင်မြို့နယ်တွင် စစ်တပ်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်နဲ့ တပူးထိုကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ခရိုနီ နေဝင်းထွန်း ဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး”

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး''
Read More

ချောက်မြို့နယ်အတွင်း PDF ရဲဘော်များက ပြည်သူများ သွားလာရေးအဆင်ပြေစေဖို့ လမ်းများအား ပြင်ဆင်ပေး (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးမဖော်ဆောင်သော်လည်း ပြည်သူလူထုအသုံးပြုနေတဲ့ လမ်းပိုင်းများအား ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ တယ်လို့ ပကဖအသံက နိုဝင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပကဖ အဖွဲ့တွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းထားရှိပြီး လူထုစည်းရုံးရေး၊ ပြည်သူ့စစ်မဟာဗျူဟာဖော်ဆောင်ရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်လျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။
Read More

တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း၏ တော်လှန်ရေးကာလ ဖြတ်သန်းမှုပုံရိပ်များ (ရုပ်/သံ)

တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းရဲ့ စစ်အာဏာရှင်တော်လှန်ရေး၊ လူထုထောက်ပံ့ရေးနဲ့ ဒေသအကျိုးပြုလုပ်ဆောင်ချက်ဆိုင်ရာ ဖြတ်သန်းမှုပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို အဆိုပါ တပ်ရင်းက ထုတ်ပြန်ခဲ့ပါတယ်။