တရုတ်နဲ့ မြန်မာ လုံခြုံရေးကုမ္ပဏီ ပူးပေါင်းထူထောင်နိုင်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီကို ဖွဲ့စည်းပြီး တရုတ် လုံခြုံရေးအဖွဲ့တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

အဖွဲ့ဝင် ၁၄ ယောက်ပါဝင်တဲ့ အဲဒီကော်မတီမှာ  စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးက ဥက္ကဌအဖြစ် ဦးဆောင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့  မှုခင်းနှင့် ဥပဒေရေးရာဌာနကြီး ဌာနကြီးမှူးက အတွင်းရေးမှူးအဖြစ် တာဝန်ယူမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ရေးသားထားပါတယ်။

ကော်မတီအတွင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာန ၇ခုထက်မနည်းက တာဝန်ရှိသူတချို့ ပါဝင်တယ်လို့လည်း သိရပါတယ်။

တရုတ်နဲ့ စစ်ကောင်စီ ပူးပေါင်းတည်ထောင်ဖို့ ပြင်ဆင်နေတဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီဟာ ပုံမှန် တရုတ် လုံခြုံရေးကုမ္ပဏီတွေနဲ့မတူဘဲ တမူကွဲပြားနိုင်တယ်လို့ လေ့လာသူတချို့က ခန့်မှန်းသုံးသပ်ထားကြပါတယ်။

တရုတ် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေဟာ ပိုးလမ်းမ စီမံကိန်းတလျှောက်မှာရှိတဲ့ တရုတ်စီမံကိန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကရည်ရွယ်ပေမယ့် မြန်မာနိုင်ငံထဲ ရောက်လာမယ့် တရုတ်ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေဟာ တော်လှန်ရေး အင်အားစုတွေကို စစ်ကောင်စီက တိုက်ခိုက်ချေမှုန်းရာမှာ ပါဝင်လာနိုင်တယ်လို့ မှန်းဆမှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာ တရုတ်စီမံကိန်းနေရာ အတော်များများကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တရုတ်စီမံကိန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကို စည်းရုံးသိမ်းသွင်းရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။

တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ဖို့အတွက် မြန်မာစစ်ကောင်စီနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုကို ပူးတွဲတည်ထောင်သွားဖို့ စီစဉ်နေတဲ့အကြောင်း တရုတ်ဘက်ကရော စစ်ကောင်စီဘက်ကပါ ထုတ်ပြန်ခဲ့တာပါ။

တရုတ်နဲ့ စစ်ကောင်စီကြား ပူးတွဲလုံခြုံရေးကုမ္ပဏီ ထူထောင်သွားရေး အဆိုပြုချက်ဟာ  ဩဂုတ်လအတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာလအစောပိုင်းက တရုတ်ခရီးစဉ်အပြီးမှာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။

တရုတ်-မြန်မာ ပူးပေါင်းလုံခြုံရေးကုမ္ပဏီဟာ ကန့်သတ်ထိန်းချုပ်မှု အနည်းငယ်နဲ့ စစ်လက်နက် တပ်ဆင်ပေးထားသူတွေလည်း ပါဝင်လာနိုင်တဲ့ အလားအလာရှိနေတယ်လို့ နိုင်ငံတကာသတင်းတချို့မှာ ခန့်မှန်းရေးသားထားကြပါတယ်။

0 Shares:
You May Also Like
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

ကုန်ကားများကို ဆက်ကြေးကောက်နေသည့် ရဲလင်မယား ပစ်ခတ်ခံရပြီး ရဲယောက်ျား သေဆုံး၊ ကိုယ်ဝန်သည် ရဲမိန်းမကို ပြန်လွှတ်ပေးခဲ့

မကွေးတိုင်း၊ ပုခုက္ကူမြို့နယ်မှာ ကုန်ကားတွေဆီက ဆက်ကြေးငွေကောက်နေတဲ့ ရဲလင်မယားကို တော်လှန်ရေးရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ရာ ရဲအမျိုးသားဖြစ်သူ သေဆုံးသွားပြီး အမျိုးသမီးဖြစ်သူကိုတော့ အရှင်ဖမ်းမိခဲ့တယ်လို့ Southern YSO PDF တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် ၄ သင်တန်းဆင်း စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ Loikaw Local PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရတဲ့ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ လွိုင်ကော် မြို့နယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။