ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာ ၉ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ နေအိမ်ကနေ ကျည်ဆန် ၃၀၀၀ နီးပါး ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။

ည ၇ နာရီလောက် Muang ခရိုင် Ban Kao ခရိုင်ခွဲ၊ Ban Kao နဲ့ Huai Nam Khao ဆက်သွယ်ရာ လမ်းဘေးမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူလို့ သံသယရှိသူအုပ်စုကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။

ရဲတွေက အဲဒီ မြန်မာနိုင်ငံသားတွေကို ပြည်ဝင်ခွင့် စာရွက်စာတမ်းတွေ စစ်ဆေးတဲ့အခါမှာ မပြနိုင်တာကြောင့် သူတို့ကို စစ်ဆေးဖို့ Muang ခရိုင်ရဲစခန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းမှာ ရေးထားပါတယ်။

Muang ခရိုင်ရဲစခန်းရှေ့မှာ တွေ့ရတဲ့ ဖမ်းဆီးခံရသူ ၉ ဦး (ဓာတ်ပုံ supplied/Piyarach Chongcharoen)

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ သူတို့ ဖမ်းဆီးခြင်းမခံရခင် တည်းခိုခဲ့တဲ့နေအိမ်ကို သွားရောက်ရှာဖွေခဲ့ကြပြီး ကျည်ဆန် ၂၇၅၀ ပါရှိတဲ့ ကတ်ထူသေတ္တာလေးလုံးကို တွေ့ရှိခဲ့ပါတယ်။

ဒန်း လို့ခေါ်တဲ့ သံသယရှိသူတွေထဲက တစ်ယောက်ကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ထိုင်းထဲဝင်ဖို့ ကူညီပေးမှု၊ အဖမ်းမခံရအောင် ရှောင်ရှားဖို့ကူညီပေးမှုနဲ့ တရားမဝင် ခဲယမ်းတွေ လက်ဝယ်ထားရှိမှုတို့နဲ့ တရားစွဲဆိုထားပါတယ်။

ကျန်တဲ့ ၈ ယောက်ကိုတော့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

မူရင်းသတင်း – Big haul of bullets seized from illegal migrants

0 Shares:
You May Also Like
Read More

နယ်စပ်ကို အလုံးစုံထိန်းချုပ်ထားသည့် AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် စစ်ကောင်စီကန့်ကွက်ချက် ဘင်္ဂလားဒေ့ရှ် ပယ်ချ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။
Read More

အလှမယ်များကို အော်ဟစ်ကြိမ်းမောင်းခဲ့မှုကြောင့် Miss Universe Thailand ဥက္ကဋ္ဌ နာဝပ် တာဝန်များ ကန့်သတ်ခံရ၊ နာဝပ် ပြန်တောင်းပန်

Miss Universe ပြိုင်ပွဲဝင် အလှမယ်တွေကို Miss Universe Thailand (MUT) ဥက္ကဋ္ဌဖြစ်သူ နာဝပ် အစ်ဆာရာဂရီဆယ်က အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် နာဝပ်ကို တာဝန်တွေကနေ ကန့်သတ်နိုင်သမျှ ကန့်သတ်ကာ သူ့ရဲ့ အခန်းကဏ္ဍကို လျှော့ချသွားမယ်လို့ မယ်စကြဝဠာအဖွဲ့ (MUO) ပူးတွဲပိုင်ရှင် ရာအူးလ်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ပါတယ်။
Read More

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန် ကုလအစည်းအဝေးတွင် ဦးကျော်မိုးထွန်း တိုက်တွန်း

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စုနှင့် မပတ်သက်ဘဲ မြန်မာ့ဒီမိုကရေစီအရေးမှာ တက်ကြွစွာ ပါဝင်စေလိုကြောင်း ကိုရီးယားသမ္မတရုံးကို တောင်းဆိုစာပေးပို့

ဒီနေ့မှာ ကျရောက်တဲ့ ၃၇ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် မြန်မာ့နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ကိုရီးယား အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး တောင်ကိုရီးယား၊ ဆိုးလ်မြို့က သမ္မတရုံးရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ကိုရီးယားအစိုးရကို အိတ်ဖွင့်စာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရအား အရပ်ဘက်အဖွဲ့များ တောင်းဆို

နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေ မကြာခင်မှာ ရပ်တန့်တော့မယ့်အန္တရာယ်ရှိတာကြောင့် ယာယီတဲတွေမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ အရပ်ဘက်အဖွဲ့ကွန်ရက်တစ်ခုက ထိုင်းအစိုးရကို ဇူလိုင်လ ၁၇ ရက် ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေး သက်ဆိုင်သူတွေ တွေ့ဆုံဆွေးနွေးချိန်တန်ပြီလို့ မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားဝနန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်ခေါင်းဆောင်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား သီးခြားတွေ့ဆုံမှုကနေ အသီးအပွင့်တွေ ဖြစ်ထွန်းလာကြောင်း၊ ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်အတွက် နှစ်ဖက်အကြား တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ပထမဆုံးအနေနဲ့ အထိုင်ချထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြပါတယ်။