တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို ဒရုန်းနဲ့ ၂ ရက်တာ ဗုံးကြဲတိုက်ခိုက်မှုမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၀ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါနတပ်ရင်း၊ တပ်ခွဲ – ၆ (ဝေဟင်တပ်ဖွဲ့)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နဲ့ ၂၅ရက်နေ့တွေမှာ ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာ ဂိတ်စခန်းအပါအဝင် ရပ်တော်မှု ဘုရားအနီးက ဂိတ်စခန်းနဲ့ ခမရ (၄၀၇) တပ်ရင်းတို့ကို ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များခဲ့တာဖြစ်ပါတယ်။

ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်းက စစ်တပ်စခန်းကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ရဲ့ ချေမှုန်းရေးတပ်စု၊ Drone Team၊ ရေဖြူ-ပကဖ (တပ်ခွဲ-၂)တို့နဲ့အတူ နိုဝင်ဘာ ၂၁ရက်နေ့မှာ ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်သား၁ယောက် သေဆုံးကြောင်းဒေါနတပ်ရင်း၊ တပ်ခွဲ – ၆ (ဝေဟင်တပ်ဖွဲ့)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ နိုဝင်ဘာ (၂၅) ရက်နေ့ကလည်း ရေဖြူမြို့၊ ရပ်တော်မူဘုရားအနီးက စစ်တပ်ဂိတ်စခန်းအပါအဝင် စကခ(၈) လက်အောက်ခံ ရေဖြူမြို့အခြေစိုက် ခမရ (၄၀၇)တပ်ရင်းတို့ကိုလည်း ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး ခမရ(၄၀၇)တပ်ရင်းက အရာရှိအဆင့် ၁ယောက်အပါအဝင် စစ်သား ၉ယောက် သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါနတပ်ရင်း၊  တပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)နဲ့အတူ တပ်ခွဲ-၇ (LPF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် (အမှတ်-၁)တပ်ရင်း၊ Sky Ghost  Drone Force၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ရဲ့ ချေမှုန်းရေးတပ်စု Drone Team၊ ရေဖြူ-ပကဖ (တပ်ခွဲ-၂)နဲ့ နဂါးနီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်​​ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေထဲ သေဆုံးသူတွေအပြင် ထိခိုက်၊ ဒဏ်ရာပြင်းအထန်သူတွေလည်း အများအပြားရှိခဲ့ကြောင်း ဒေါနတပ်ရင်း၊  တပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့

ကရင်အမျိုးသားအစည်အရုံး - KNU ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားပြီး ပြည်သူလူထု နေထိုင်ရာကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် (၂)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက် မနေ့ကညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က မြို့နယ်ပေါင်း ၁၀၀ ကျော်မှာ မဖြစ်မနေ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေ

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားတယ်လို့ ယူဆရတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၀၀ကျော်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို ပြောဆိုလိုက်ပါတယ်။
Read More

တနိုင်းအပါအဝင် နိုင်ငံတစ်ဝန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရေးယူပေးဖို့ ICC ကို KHRW တိုက်တွန်းတောင်းဆို

အရပ်သားပြည်သူ  ၂၀ကျော်သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ တနိုင်း လေကြောင်းတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တာကြောင့် အမြန်ဆုံး အရေးယူပေးဖို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေး (KHRW) က အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို တောင်းဆိုလိုက်ပါတယ်။
Read More

မကွေးတိုင်းတွင် ၂၀၂၅ ခုနှစ် ၄ လတာအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့နယ် အင်ပုထိုးကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။