တရုတ်နိုင်ငံလိုပဲ ရုရှားကလည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။

မြန်မာနိုင်ငံမှာ  ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ ရုရှားနိုင်ငံက ကူညီဆောင်ရွက်ပေးမယ့် အကြောင်းကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool တို့တွေ့ဆုံစဉ် ရုရှားဘက်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံမှုမှာ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်နဲ့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီမယ်လို့ ရုရှားဘက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က နေပြည်တော်မှာ  ပြောဆိုခဲ့တာပါ။

စစ်ကောင်စီကတော့ သူ့ထုံးစံအတိုင်း ရွေးကောက်ပွဲ လွတ်လပ်တရားမျှတစေမယ်လို့ ပြောခဲ့ပြီး ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက လေ့လာရေးအဖွဲ့တွေကို ခေါ်မယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။ နိုင်ငံတကာ မျက်နှာစာမှာ သူ့ဘက်က ရပ်တည်ပေးလို့ ရုရှားကို ကျေးဇူးတင်ကြောင်းလည်း စစ်ကောင်စီက ပြောပါတယ်။

နိုင်ငံတကာမှာ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ပြောဆိုနေကြချိန် ရုရှားကတော့ ကူညီပေးမယ်လို့ တရားဝင် ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံပြီးရင် စစ်ကောင်စီကို ကူညီမယ်လို့ ဒုတိယမြောက်ပြောဆိုလာတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

ရုရှားဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌဟာ ဒီဇင်ဘာ ၁ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိခဲ့တာဖြစ်ပြီး ရန်ကုန်လေဆိပ်ဆိုက်ရောက်ချိန် ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီဝင်တွေ သွားရောက်ကြိုဆိုခဲ့မှုကို စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

လာမယ့် ၂၀၂၅ မှာ စစ်ကောင်စီက နယ်မြေတည်ငြိမ်တဲ့ နေရာတွေမှာ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမှာဖြစ်တယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ  အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေခြင်း၊ အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လွတ်လပ်တဲ့သတင်းတွေ တင်ပြခွင့်မရခြင်း စတဲ့ခြေအနေတွေကြောင့် ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံတကာက ထောက်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရိုဟင်ဂျာကိစ္စအပါအဝင် စွပ်စွဲချက်များအတွက် လာရောက်စစ်ဆေးနိုင်ကြောင်း AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကုလကို ဖိတ်ခေါ်ထား

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ကျူးလွန်တယ်ဆိုတဲ့ ချိုးဖောက်မှု စွပ်စွဲချက်တွေအပါအဝင် တခြားစွပ်စွဲချက်တွေအတွက် လာရောက်ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ AA ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖိတ်ခေါ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အမ်ဒရူးစ်က ပြောဆိုထားပါတယ်။
Read More

စိန့်ပီတာရင်ပြင်တွင် ကျင်းပတဲ့ ပုပ်ရဟန်းမင်းကြီး၏ ဈာပနအခမ်းအနားကို ဒေါ်နယ်ထရမ့်အပါ နိုင်ငံပေါင်း ၁၅၀ မှ ခေါင်းဆောင်များ တက်ရောက်… စျာပန မကျင်းပခင် စိန့်ပီတာ ခန်းမတနေရာမှာ သမ္မတထရမ့် နဲ့ သမ္မတ ဇလန်စကီး တွေ့ဆုံ

အီတလီနိုင်ငံ ၊ရောမမြို့ ၊ ဗာတီကန်စီးတီး စိန့်ပီတာရင်ပြင်တွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ကက်သလစ်ဘာသာဝင်တွေရဲ့ အကြီးအကဲဖြစ်သူ ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပနအခမ်းအနားကို ကက်သလစ်ဘာသာဝင်တွေနဲ့ ဘုန်းတော်ကြီးတွေအပြင် နိုင်ငံပေါင်း ၁၅၀ က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းရဲ ဖမ်းဆီးမှုကို ထွက်‌ပြေးရင်း ယဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာ ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ နခွန်ပတွမ်ပြည်နယ်၊ ဘန်လမ်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲကျော်ခန့်က ယာဉ်မတော်တဆမှုကြောင့် မြန်မာနိုင်ငံသားအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးထောက်ပံ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

စစ်ကောင်စီဟာ အင်ဒိုနီးရှားလူငယ်တစ်ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတာကြောင့် အင်ဒိုနီးရှားအမတ်တွေအကြား စိုးရိမ်မှုမြင့်တက်ကာ သံတမန်ရေးအရ ချက်ချင်းအရေးယူဖို့ တောင်းဆိုထားကြပါတယ်။
Read More

အပစ်ရပ်ထားသည့် စစ်ကောင်စီ နိုင်ငံတဝန်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဟု ကုလ ထုတ်ပြန်

အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။