နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းထဲက စစ်ကောင်စီ လေတပ်စခန်းတွေအပါဝင် စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ နေရာ ၁၄ ခုကို မြို့ပြအခြေစိုက် တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ Rangoon Scout Network က ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီယန္တရား အဓိကလည်ပတ်ရာ မှော်ဘီလေတပ်စခန်း၊ မင်္ဂလာဒုံလေကြောင်းရန်ကာကွယ်ရေးတပ်၊ မြဝတီအသံလွှင့်ဌာန၊ စစ်တပ်အိမ်ရာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေအပြင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေသူတွေရဲ့ အကျိုးစီးပွါးရှိရာနေရာတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ မှော်ဘီလေတပ်စခန်းဝန်းတွေထဲကို မစ်ဇိုင်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့သလို တခြားသော ဌာနဆိုင်ရာတွေနဲ့ အဆောက်အဦးတွေကိုတော့ သက်ဆိုင်ရာအဖွဲ့တွေက ပြင်းအားမြင့်အဝေးထိန်းမိုင်း၊ လက်ပစ်ဗုံး၊ M79 စတဲ့ လက်နက်တွေ အသုံး​ပြု ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေထဲ Dark Shadow အဖွဲ့က စစ်တပ်​အ​မာခံထောက်ခံသူ ရုပ်ရှင်သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ်ကို သတိပေးသဘောမျိုးနဲ့ ပြင်းအားပျော့မိုင်းသုံးပြီး ဖောက်ခွဲခဲ့ပါသေးတယ်။

ဒီလိုမျိုးဖောက်ခွဲတိုက်ခိုက်မှုတွေရှိနေပေမယ့် မြို့ပြစစ်ရေး ဖော်ဆောင်မှုတွေ အရင်ကထက် လျော့နည်းသွားတဲ့​အကြောင်းနဲ့ UG တပ်ဖွဲ့ဝင်တွေ မြို့ပြမှာရပ်တည်နိုင်ဖို့ ပိုမိုခက်ခဲလာကြောင်း မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်သတိထားမိသလောက် ဒီနှစ် ၇လပိုင်းလောက်ကစလို့ UG တွေ ပွဲကတာ လျော့လာပါတယ်။ သိပ်မကနိုင်ကြတော့ဘူး။ မြို့ပြမှာ  UG အဖွဲ့တစ်ခုအတွက် စားဖို့သောက်ဖို့၊ နေထိုင်စားရိတ်နဲ့ အသုံးပြုမယ့် ပစ္စည်းတွေ လက်ထဲရောက်လာဖို့ မှာရတာတွေက တော်တော်လေး မလွယ်ကူပါဘူး။ နောက်ပြီး ကိုယ်နေတဲ့နေရာမှာ ဒလန်ရှိနေပြီဆို ဝပ်ကျင်းပြောင်းရပါတယ်။ အခုချိန်မြို့ပြမှာ လူငယ်တွေဆိုတာနဲ့ အိမ်မငှားကြတော့ပါဘူး။ ကြာတော့ လူငယ်တချို့လည်း UG ကို စွန့်ပြီး တော်လှန်ရေးတပ်တွေထဲ ရောက်ကုန်ကြတယ်။ ကျနော်တို့ကတော့ အခက်အခဲ သိပ်မရှိပါဘူး။ ပြောချင်တာက မြို့ပြငြိမ်သွားရင် ပိုဆိုးသွားပါလိမ့်မယ်။ ဒါကြောင့် မြို့ပြလှုပ်နေဖို့ UG တွေကိုလည်း တန်းတူ လှူပေးကြပါ” လို့ မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိက မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

မန္တလေးမြို့က မန္တလေးကျုံးအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို တော်လှန်လူငယ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မှာ လူငယ်တွေကို VPN အကြောင်းပြပြီး ဖုန်းနဲ့ငွေကြေး လိမ်လည်လုယက်မှုတွေ ဖြစ်ပွားနေ

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် လူငယ်တွေ ဖမ်းဆီးခံရမှုတွေ နေ့စဉ်ရှိနေပြီး စစ်တပ်နဲ့ ရဲ ဟန်ဆောင်ကာ ငွေကြေးလုယက်ခံရတာ၊ ဖုန်းလုခံနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် စစ်သား ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်တပ်က စစ်သား ၄ ယောက် အလင်းဝင်လာခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာ - LL.S.B.F တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦး သေဆုံး…

ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ပေါင်း ၅၇ တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ဦးနဲ့ လူပုဂ္ဂိုလ် ၆၆ ယောက် သေဆုံးခဲ့တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ထီးလင်းစစ်ကြောင်း အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြု

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းကို အထိနာ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

စနစ်ဆိုး၏ တန်းတူညီမျှမှုမရှိသည့် စံနှုန်းများကို ချေဖျက်ပစ်ဖို့ လူနည်းစုလူငယ်များ ဦးဆောင်ပြီး ကမ်ပိန်းပြုလုပ်

စနစ်ဆိုးရဲ့ တန်းတူညီမျှမရှိတဲ့ စံသတ်မှတ်နှုန်းတွေကို ချေဖျက်ပစ်ဖို့ လူနည်းစု လူငယ်တွေ ဦးဆောင်ပြီး K - Word မှသည် Identity Campaign ကို ဇွန်လ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။