ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန် တပ်တွေအပြင် လက်ရုံးတပ်တွေကိုပါ ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

အမ်းမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ် တပ်ရင်းတပ်ဖွဲ့ စခန်း ၉ခုနဲ့ မြို့ကို သိမ်းပိုက်ထားနိုင်ပြီး နပခ တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

“သူတို့တပ်ရင်းတပ်ဖွဲ့တွေအပြင် တပ်စခန်းအားလုံးကို အပြီးသတ် သိမ်းလိုက်ပြီး မြို့ကိုပါ ထိန်းချုပ်ထားလိုက်ပြီ။ တိုင်းစစ်ဌာနချုပ်ကိုတော့ အပြီးသိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်။ လက်ရှိမှာ လေကြောင်းက နပခ အနီးတဝိုက်ကို လေယာဥ်နဲ့ ဗုံးကြဲချတာတွေရှိနေတယ်။ ရေကြောင်းကနေ အကြမ်းဖက်စစ်တပ်က အင်အားတွေ ပို့ဆောင်ပေးနေတယ်လို့လည်း သတင်းရထားတယ်” AA နဲ့ နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

ရခိုင့်တပ်တော် AA က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်ရင်းတပ်ဖွဲ့တွေဖြစ်တဲ့ (၉၄၉) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်၊ ခမရ ၃၇၁၊ ခမရ ၃၇၂၊ (၇၅၇) BEME အလုပ်ရုံတပ်ခွဲ၊ (၉၂၆) ထောက်ပို့တပ်၊ အမှတ် ၉ ဆက်သွယ်ရေးတပ်၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်၊ အမှတ် ၁၀ တပ်ထိန်းတပ်ခွဲ နဲ့ (၉၁၉) BE တပ်တွေကို သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း အမ်းမြို့နယ် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ဗိုလ်မှူးအဆင့် ဇော်ထက်နောင် အပါအဝင် စစ်သား ၁၄ ယောက် ပြန်လည်ဆုတ်ခွါဖို့ လုပ်ဆောင်နေစဉ် တိုက်ပွဲအတွင်းမှာပဲ ကျောင်းသားလက်ရုံးတပ်တော် Student Armed Force က ဖမ်းဆီးလိုက်ကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နန်းစောင်းပုရွာသစ်တွင် စစ်ကော်မရှင်အဖွဲ့ဝင်နှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ (၇) ဦး ဖမ်းဆီးရမိဟု PDF အမှတ် ၁ စစ်ဒေသ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို ထိုးစစ်စင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း (၇) ယောက် ဖမ်းဆီးရမိပြီး အလောင်း (၄) လောင်းနဲ့ လက်နက် (၅) လက် သိမ်းဆည်းရမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲတွင် အထိနာသွားသည့် စစ်အုပ်စု ပြည်သူနေအိမ် ၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ စစ်တပ်ဘက်က အထိနာခဲ့ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

မောင်ရွှေလေးလို ရေတပ်စခန်းကြီးကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ပင်လယ်ပြင်လေ့ကျင့်ခန်း လုပ်ဦးမယ်လို့ ဆိုပြန်

အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ရေတပ်စခန်းတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီရေတပ်က ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၄ ရက်ကြာ ပြုလုပ်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ငလျင်အတွက် နိုင်ငံပေါင်း ၂၀ မှ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၀၀ကျော် မြန်မာနိုင်ငံကို ရောက်ရှိနေ ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့အတွက် နိုင်ငံပေါင်း ၂၀ က ကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ယောက် ရောက်ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။