ရှမ်းပြည်မှာ အင်အားကြီးမားတဲ့ ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS နဲ့ SSPP တို့ဟာ မြေပြင်မှာ ထိတွေ့တင်းမာမှုတွေရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က မနေ့က ဒီဇင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရှမ်းတပ်တွေ ပေါင်းစည်းရေးကို ရှေ့ရှုလုပ်ဆောင်နေပေမယ့် RCSSဘက်က တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အထူးသဖြင့် RCSS ဘက်က SSPP တပ်စခန်းတွေကို တိုက်ခိုက်ခြင်း၊ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေကို အကြိမ်ကြိမ် တိုက်ခိုက်ဖမ်းဆီးခြင်းတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ အချိန်ကာလဟာ ရှမ်းတပ်နှစ်ဖွဲ့ အပစ်ရပ်ပြီး အမြန်ဆုံးပေါင်းစည်းနိုင်ဖို့ ဒေသခံတွေက အဓိကလိုလားနေပြီး ပေါင်းစည်းညှိုနှိုင်းရေးကို ဆက်လက်ဖော်ဆောင်မယ်လို့လည်း ဆိုပါတယ်။
မိုင်းကိုင်၊ ဟိုပုံးဒေသတွေမှာ RCSS နဲ့ SSPP တို့ ထိတွေ့မှုတွေရှိခဲ့ပြီး အပြန်အလှန် ဒေသခံတွေကို ဖမ်းဆီးတာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့အစည်းတွေက ထောက်ပြပြောဆိုထားပါတယ်။
SSPP ရဲ့ ဒီဇင်ဘာလ ၁ရက်နေ့က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RCSS ဘက်ကတော့ ပြန်လည်တုံ့ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။
RCSS နဲ့ SSPP တပ်ဖွဲ့တွေဟာ နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီကို တိုက်ခိုက်တွန်းလှန်ရာမှာ မပါ၀င်ဘဲ သူတို့ရဲ့နယ်မြေဒေသတွေမှာ ထိန်းချုပ်လှုပ်ရှားလျက် ရှိနေတာပါ။
စစ်ကောင်စီကပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတချို့မှာ ပါ၀င်ခဲ့သလို နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တပ်ဖွဲ့တွေနဲ့လည်း ဆက်နွယ်ပတ်သက်မှုမရှိဘူးလို့ ၂၀၂၂ အစောပိုင်းတွေမှာ ထုတ်ပြန်ပြောကြားခဲ့ဖူးပါတယ်။
RCSS နဲ့ SSPP တို့ဟာ ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းမှာ အပစ်ရပ်စဲကြောင်း ပူးတွဲထုတ်ပြန်ထားရာ အခုဆိုရင် တစ်နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
၂၀၂၄ အစောပိုင်းမှာကတည်းက သူတို့ နှစ်ဖွဲ့ဟာ နယ်မြေအငြင်းပွါးမှုနဲ့ တခြားသော ကိစ္စရပ်တွေမှာ ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွါးလျက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ICC မှာ တရားခံအဖြစ် တရားရင်ဆိုင်ရဖို့ နီးကပ်လာသည့် မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို တရားဝင်မှု မပေးမိစေဖို့ နိုင်ငံတကာကို NUG တိုက်တွန်းတောင်းဆို

နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ တရားခံအဖြစ် တရားရင်ဆိုင်ဖို့ နီးကပ်လာနေတဲ့ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရားဝင်မှု မပေးမိစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဥ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မင်းအောင်လှိုင် တည်းခိုရာ ဟိုတယ်အတွင်းထိ ထိုင်းကျောင်းသားတစ်ဦး သွားရောက်ဆန္ဒပြ 

ထိုင်း တက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ယောက်ဟာ ဒီညနေ ၄း၃၀ ခန့်အချိန်မှာ BIMSTEC အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ ရှန်ဂရီလာဟော်တယ်ကို သွားရောက်ဆန္ဒပြခဲ့ပါတယ်။
Read More

အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်ရန် မလေးရှားနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဲဖို့စ်ဝမ်းလေယာဥ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ ဆိုက်ရောက်ခဲ့ပြီဖြစ်ပြီး သမ္မတထရမ့်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင် ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
Read More

လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ခံရတော့မည့် BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတစ်သိုက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူနဲ့ အပေါင်းအပါတွေကို လူကုန်ကူးမှုတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး ပြန်လွတ်ပြီလို့ ထိုင်းအစိုးရ ပြော

စစ်ကောင်စီရေတပ်က ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာကြောင်း AFP က သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။