၂၀၂၅ ခုနှစ်အတွင်း ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ထီးလင်းမြို့ကနေ အရပ်သားတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်ဖို့ ထီးလင်းမြို့နယ် ပအဖ က သတိပေးစာတစ်ခုကို မနေ့က ဒီဇင်ဘာ ၅ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

တစ်နိုင်ငံလုံးနည်းတူ မကွေးတိုင်း၊ ဂန့်​ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာလည်း လာမယ့်နှစ်အတွင်း စစ်ဆင်ရေးတွေပြင်းထန်လာနိုင်တာကြောင့် အရပ်သားတွေအနေနဲ့ မြို့ကိုအမြန်ဆုံး စွန့်ခွာပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးနယ်မြေတွေကို လာရောက်ခိုလှုံကြဖို့ ထီးလင်းပအဖက တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကိုလည်း လက်နက်ချအလင်းဝင်ဖို့ ပြောထားပါတယ်။

“ထီးလင်းမြို့က စစ်တပ်အခြေစိုက်တာ။ မြို့နားတဝိုက် ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးတယ်။ ရိက္ခာတွေလုတယ်၊ ခိုးတယ်။ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ‌တွေ ရှိပါတယ်။ ဒါကြောင့် သူတို့ကို ဟန့်တားတဲ့တိုက်ပွဲတွေလည်း ဖြစ်ခဲ့ပါတယ်။ မကြာခင် မြို့ပေါ်တိုက်ပွဲတွေလည်း များလာနိုင်ပါတယ်။ လက်နက်ကြီး၊ ဒရုန်း၊ ရော့ကတ်တွေနဲ့ စကစနဲ့ တိုက်ပွဲဖြစ်ရင် မြို့ပေါ်နေပြည်သူတွေ မထိခိုက်စေလိုပါဘူး။ ဒါကြောင့် ဒီနှစ်၂၀၂၄ မကုန်ခင်ထွက်စေချင်တာပါ။ ” လို့ ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ထီးလင်းပအဖ၏ ထုတ်ပြန်ကြေညာချက်

လက်ရှိမှာ ထီးလင်းမြို့နယ်ကို စစ်ကောင်စီက ၃ပွင့်ဗိုလ် ၄ယောက်နဲ့ လည်ပတ်နေတာဖြစ်ကြောင်းနဲ့ ဗိုလ်ညောင်ဦးခေါ် ဗိုလ်ကြီးအောင်စိုးဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ရက်နေ့ ထီးလင်း၊ စခန်းကြီးတိုက်ပွဲအတွင်း ကျဆုံးခဲ့တာကြောင့် ဗိုလ်ကြီးတစ်ယောက် ထပ်ရောက်ဖို့ရှိတယ်လို့ ​ဒေသအခြေစိုက် ယောအလင်းတန်းအဖွဲ့က ပြောထားပါသေးတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ရက်နေ့ကလည်း ထီးလင်းမြို့၊ ရွှေထီးခန်းမကနေ ထွက်လာတဲ့ အင်အား ၈၀ပါစစ်ကြောင်းကို မြို့အရှေ့ဖက် စခန်းကြီးဒေသမှာ ယောတပ်တော် စစ်ကြောင်း၃က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရွှေထီးခန်းမက ဗိုလ်ညောင်ဦးအပါဝင် စစ်ကောင်စီဘက်က ၈ယောက်မနည်းသေဆုံးခဲ့ပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန်မှာ ကျနော်တို့ ထီးလင်းမြို့နယ်အနေနဲ့လည်း တပ်ဖက် အရပ်ဖက်ပူးပေါင်းပြီး စစ်ရေးတွေလုပ်ဖို့ရှိပါတယ်။ အခုကြေညာချက်ကလည်း MOD အောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်ထားတာဖြစ်ပါတယ်။ ” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

လက်ရှိ ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီက တပ်မ ၅၅ ၊ ၇၇၊ ၁၀၁ တပ်တွေ ရောထားသလို ရဲအင်အား နဲ့ ပျူစောထီးအင်အားတွေလည်းပူးပေါင်းထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်ရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်း - မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က တပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

နတ်တလင်း ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ရဲ ၂ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ပြည်သူ (၁) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာရကာ နေအိမ် (၁) လုံး ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။