ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် အခွန်နဲ့ ဆက်ကြေးကောက်ခံတာတွေ လုံး၀လုပ်ဆောင်နေခြင်း မရှိဘူးလို့ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းအနေနဲ့ ပြည်သူလူထုထံကနေ ငွေကြေးကောက်ယူတာ၊ ငွေညှစ်တာ၊ လောင်းကစားဝိုင်းတွေကို ခွင့်ပြုတာ ၊ အခွန်/ဆက်ကြေးကောက်ခံတာတွေကို လုံး၀မလုပ်ဆောင်ဘူးလို့ နိုဝင်ဘာ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒေါနတပ်ရင်း အနေနဲ့ အဖွဲ့အစည်းစတင်ချိန်ကနေ လက်ရှိအချိန်အထိ အထက်ပါ လုပ်ရပ်တွေကို လုပ်ဆောင်ခြင်းမရှိသလို နောက်နောင်မှာလည်း ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူလူထုအပေါ် အကျင့်ပျက်တဲ့ လုပ်ရပ်တွေကို ဒေါနတပ်ရင်း အမည်ခံပြီး ဆောင်ရွက်လာရင် Daw Na Column – P29902 (ဒေါနစစ်ကြောင်း) Facebook Page ကို တိုင်ကြားနိုင်တယ်လို့လည်း သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနတပ်ရင်းဟာ လက်ရှိ တောင်းပိုင်းစစ်ဒေသမှာ စစ်ကောင်စီကို ထိတွေ့တိုက်ပွဲတွေ ဖော်ဆောင်လျက်ရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတစ်ခုလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ရွှေဘိုနယ်ကနေထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွား၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ခန့်ဒဏ်ရာရပြီး လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရရှိ

"ဝက်လက်မြို့နယ်အတွင်းကို စတင်ဝင်လာပြီးတော့ ညနေပိုင်းမှာ ထိတွေ့တိုက်ခိုက်မှုဖြစ်တယ်၊ စခ ၂၀ ဦးခန့် ဒဏ်ရာရရှိတယ်လို့ သိရပြီး ညခင်းပိုင်းမှာ ပြန်လည်ဆုတ်ခွာသွားတယ် ၊ ကျနော်တို့ဘက်က အထိခိုက်မရှိဘူး" လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

ကသောင်းကနင်းဖြစ်နေတဲ့ စစ်ကောင်စီ ကပစ ထုတ်နုတ်အင်အားတွေကို ရခိုင်ရိုးမ ပို့ပြီး အင်အားဖြည့်တင်းနေ

ရခိုင်ပြည်က တိုက်ပွဲတွေမှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ရိုးမကို စစ်ကူတွေ ထပ်မံ စေလွှတ် ပို့ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တချို့ထံက သိရပါတယ်။
Read More

NMSP-AD / RMA ၏ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းအခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD / RMA) က ဦးဆောင် ဖွင့်လှစ်သင်ကြားပေးတဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း (Close Quarters Battle - CQB) အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငါးသရောက်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ​တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
Read More

ကနီမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူ ၃ ယောက်အပါ ၅ ယောက် သေဆုံးမှု NUG ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကား ကျေးရွာမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းမှာ ပညာသင်နေတဲ့ ကျောင်းသားကျောင်းသူ ၃ ယောက်အပါ ၅ ယောက် သေဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ထားပါတယ်။