စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၁၈၃ ယောက် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး တိုက်ပွဲ စုစုပေါင်း ၅၂၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ထိတွေ့တိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့၄ မြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလအတွင်း ရခိုင်ဒေသ တိုက်ပွဲတွေဟာ စက်တင်ဘာလထက် ၃ ဆနီးပါး မြင့်တက်လာခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းကတော့ တိုက်ပွဲဖြစ်မှု ဒုတိယအများဆုံးဒေသ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာလအတွင်း မြို့နယ်ပေါင်း ၁၂၅ မြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုဖြစ်စဉ် ၃၂၇ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်စခန်း၊ ဌာနချုပ်၊ ဗျူဟာကုန်းနဲ့ ရဲစခန်းအပါအဝင် စုစုပေါင်း စခန်း ၄၂ ခုကို သိမ်းယူနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ အပစ်ရပ်ကာလအတွင်း KNU ထိန်းချုပ်သည့် နယ်မြေများကို အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်

အာဏာသိမ်းစစ်တပ်က အပစ်ရပ်ကာလမှာ KNU ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုက ပျူစခန်းတွေကို ၅ ရက်တာ ဒရုန်းမစ်ရှင်နဲ့ တိုက်ခိုက်

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

ကန့်ဘလူတွင် စစ်မှုထမ်းဆင်းများ ပါဝင်သည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပြည်သူတွေကို ဖမ်းဆီးပြီး ကျေးရွာတွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူ ၁၅ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင် တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။
Read More

Burma Revolution Rangers ထံ ပခုက္ကူအခြေစိုက် တပ်ရင်းများမှ စစ်သားအယောက် ၃၀ နီးပါး အလင်းဝင်ရောက်ထား၊ အများစုက စစ်မှုထမ်းများ ဖြစ်

စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ပြီးချိန်က စလို့ ဒီကနေ့အထိ Burma Revolution Rangers တပ်ဖွဲ့ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ နီးပါး အလင်းဝင်ခိုလှုံထားကြောင်း တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဒီမွန်က မောင်းကို ပြောပါတယ်။
Read More

နတ်တလင်းမှာ ကင်းလှည့်လာတဲ့ ရဲတွေ မိုင်းဆွဲခံရပြီး ၁ယောက်သေကာ ဒုရဲအုပ်ဆိုသူ ပြည်ဆေးရုံမှာ ခွဲစိတ်ကုသနေရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဆိုင်ကယ်နဲ့ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၁ယောက်သေဆုံးပြီး ဒုရဲအုပ်အပါအဝင် ၂ယောက်ကတော့ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ပြည်ဆေးရုံပေါ်မှာ ခွဲစိတ်ကုသနေရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၂ ၊ Phoenix DF ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။