မကွေးတိုင်း၊ မင်းဘူးခရိုင် ၊ စေတုတ္တရာ မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်မီးရှို့ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
နိုဝင်ဘာ ၂၈ရက်၊ ဒီနေ့မနက်အစောပိုင်းကစလို့ စေတုတ္ထရာမြို့နယ်အတွင်းက ခဲပစ် ၊ ကျောက်ပုံနဲ့ ညောင်ကုန်းရွာတွေကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတာဖြစ်ပြီး လက်နက်ကြီးတွေလည်း ဆက်တိုက် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“မနေ့က(နိုဝင်ဘာ ၂၇) ပွင့်ဖြူ၊ မဲဇလီ တံတားမှာ မင်းဘူးခရိုင် တပ်ရင်းတစ်ခု နဲ့ သူတို့(စကစ) တိုက်ပွဲဖြစ်တယ်။ အဲ့နောက် ပွင့်ဖြူ၊ ဆင်လူးရွာဘက်ကနေ စစ်ကူတက်လာပြီး စေတုတ္တရာထဲက ကျောက်ပုံ၊ ခဲပစ်နဲ့ ညောင်ကုန်း ရွာတွေကို လက်နက်ကြီးတွေ တရစပ်ပစ်ပြီး စစ်ကြောင်းထိုးဝင်တယ်ပေါ့။ ဒီနေ့မနက် ၈နာရီလောက်မှာ ရွာတွေကို မီးစရှို့ပါတယ်။” လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်​ကြောင်းထဲမှာ စေတုတ္တရာ အခြေစိုက် ကပစ ၂၀ နဲ့ ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်တို့က စစ်ကောင်စီတပ်သားတွေအပြင် ဆင်လူးရွာခံ ပျူစောထီးတွေပါဝင်ပြီး အင်အား ၁၀၀နီးပါးနဲ့ စစ်ကြောင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
“စစ်ကြောင်းက အခုထိ နောက်မဆုတ်သေးတော့ နေအိမ်တွေ အပျက်အစီးဘယ်လောက်ရှိမယ် မသိရသေးပါဘူး။ ဆင်လူးဘက်ကနေလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်ပေါ့နော်။ ဒါကြောင့် ဒေသခံတွေလည်း နီးစပ်ရာ တောတွေထဲ ပြေးနေကြရပါတယ်။” လို့ စေတုတ္တရာမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
အခုလို စစ်ရေးတင်းမာနေမှုတွေကြောင့် ပွင့်ဖြူမြို့နယ်၊ ပုသိမ်- မုံရွာလမ်းပိုင်း ၊ စံပြ- ဆည်တော်လမ်းပိုင်း (တောင်ဘက်မြောင်းဘောင်လမ်းပိုင်း) နဲ့ မဲဇလီရွာအနီး ရေလမ်းကြောင်းတွေကို မဖြတ်သန်းကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ရက်နေ့ကလည်း စေတုတ္ထရာနဲ့ ထိစပ်နေတဲ့ ပွင့်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေဆီ မဲဇလီရဲစခန်းဘက်နေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး အရပ်သား ထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
ပုံစာ – မင်းဘူးခရိုင်အတွင်းက စစ်ဘေးတိမ်းရှောင် ပြည်သူများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် တစ်ဦး သေဆုံး ၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက်မှ အထက်ဘက်ကိုဆန်တက် လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီး တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) ဆီက သိရပါတယ်။
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့နှစ်ပတ်လည်စုံညီအစည်းအဝေး ပြုလုပ်…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဝေဖန်လို့ ဖမ်းဆီးခံရသူများအနက် ရန်ကုန်မြို့က အများဆုံး ပါဝင်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်လို့ အဖမ်းခံရသူတွေထဲမှာ ရန်ကုန်မြို့က အများဆုံး ပါဝင်နေတယ်လို့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ စစ်ကော်မရှင်က တိုက်ရိုက် ခြိမ်းခြောက်နေသော လွတ်လပ်စွာပြောဆိုခွင့် အစီရင်ခံစာနဲ့ စစ်အုပ်စု ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
Read More

ရှမ်းနီးတပ်ရဲ့ ပေါ်တာဆွဲခြင်း ခံရပြီး ခမရ ၅၅၇ ရောက် စစ်သား ၁ ယောက် လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့အနီး၊ အောက်ကင်းရွာအခြေစိုက် အကြမ်းဖက် စစ်ကော်မရှင်တပ် ခမရ ၅၅၇ တပ်ရင်းက စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဆိပ်ဖြူမှာ ဝါဇီစက်ရုံတိုက်ခိုက်ခံထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ ထိမှန်လို့ အရပ်သား ၅ ဦးသေပြီး ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဝါဇီစက်ရုံ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။