မကွေးတိုင်း မင်းတုန်းမြို့နယ် ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းဆီးမိခဲ့ကာ လက်နက်အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ နိုဝင်ဘာ ၂၂ ရက်က ကြိုးဝကျေးရွာအတွင်းရှိ အရပ်သားနေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေချိန် ဒရုန်းနဲ့ ၆၀ မမဗုံးသီးကြဲချတိုက်ခိုက် ခဲ့ရာ ၄ ယောက်ဒဏ်ရာရရှိသွားပြီး တပ်ပြန်ဆုတ်သွားခဲ့ကာ တပ်စွဲထားတဲ့ နေရာကို နိုဝင်ဘာ ၂၆ ရက်က နံနက်ပိုင်းက တော်လှန်ရေးတပ်တွေ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သား ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းဆီးမိခဲ့ကာ MA1 ၃ လက်၊ MA3 ၄ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ငါးကြင်းမြှီး စက်လက် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ကင်းထောက် ဒရုန်း ၁ စီး၊ တိုက်ခိုက်ရေး ဒရုန်း ၁ စီး၊ ၅.၅၆ ကျည် ၁,၈၀၀ တောင့်၊ စက်လက်ကျည် ၄၅၀ တောင့်၊ ၆၀ မမ ဗုံးသီး ၇ လုံးနဲ့ ဒေသခံများထံက ခိုးယူထားတဲ့ ရွှေလက်ကောက် ၃ ကွင်းတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါ တယ်။

တော်လှန်ရေးတပ်တွေဘက်မှ ခွဲမှူး ၁ ယောက်နဲ့ ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်သားတွေဟာ ကပစ ၁၂ (သရက်)၊ ခလရ ၄၄ (သရက်)၊ တပ်မ ၈၈ (မကွေး) ကပစ ၁၈ (တောင်တွင်းကြီး) နဲ့ မင်းတုန်းမြို့နယ်မှ ပျူခေါင်းဆောင် အပါအဝင် ပျူ ၅ ဦးအပါအဝင် အင်အား ၁၀၀ ခန့်နဲ့ နိုဝင်ဘာ ၁၈ ရက်ကတည်းက မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)

အမှတ် ၁၀၀၉ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်းတည်ထောင်ခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်ရုပ်သံမှတ်တမ်းဖိုင်ထုတ်ပြန် (ရုပ်/သံ)
Read More

SSRY Eagle Force မှာ တာဝန်ထမ်းနေတဲ့ တိုင်းရင်းသားလူမျိုးရဲဘော်များက ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုစကားပြောကြား (ရုပ်/သံ)

ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ပြည်‌ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ SSRY Eagle Force မှာ တာဝန်ထမ်းဆောင်နေတဲ့ တိုင်းရင်းသားလူမျိုးရဲဘော်တွေက ကြိုဆိုဂုဏ်ပြုစကားတွေ အခုလိုပြောကြားခဲ့ကြပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ပြုတ်ပျူစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၁၀ ဦးခန့်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ပျူစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ် သား အများအပြားသေဆုံးခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မြစ်ကြီးနားတွင် ဧရာဝတီ မြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
Read More

ကျောက်ပန်းတောင်းတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ပါတယ်။
Read More

Taw Twin Tup Pee Local PDF အခြေခံစစ်ပညာရက်တိုသင်တန်းအပတ်စဉ် ၁၃ အောင်မြင်စွာ ပြီးစီး (ရုပ်/သံ)

Taw Twin Tup Pee Local PDF က အခြေခံစစ်ပညာ ရက်တိုသင်တန်း အပတ်စဉ် (၁၃) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။