စစ်အာဏာရှင်တွေက အာဏာခိုင်မြဲစေဖို့ ခွဲခြားသတ်မှတ်အုပ်ချုပ်ခဲ့တဲ့ ကချင် အထူးဒေသ (၁) ဆိုတဲ့ နယ်မြေသတ်မှတ်ချက် မရှိတော့ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ဗဟိုကော်မတီက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကချင်လူမျိုးတွေသာမက ကချင်ဒေသအတွင်းက တိုင်းရင်းသားပြည်သူတွေ စိတ်ဝမ်းကွဲမှုမရှိဘဲ အတူတကွ တန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသ (၁) လို့ ခွဲခြားသတ်မှတ်ထားတဲ့ နယ်မြေတွေကို တပေါင်းတစည်းတည်း ဖြစ်အောင် အရယူခဲ့ပြီး ကချင်အထူးဒေသ (၁) ဆိုတဲ့ သတ်မှတ်ချက်မရှိတော့ဘူးလို့ KIO က ဆိုပါတယ်။
KIO ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က စစ်ကောင်စီ လက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးစီးတဲ့ ကချင်အထူးဒေသ(၁)တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကချင်လူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့တဲ့ ကချင်အထူးဒေသ (၁) သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ KIO က ထုတ်ပြန်ပါတယ်။
KIA အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လကစလို့ ကချင်အထူးဒေသ (၁) နယ်မြေက ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
ပြည်သူလူထုရဲ့ စီးပွားရေး၊ လူမှုရေးတွေ ဆုံးရှုံးထိခိုက်မှုမဖြစ်စေဘဲ လူသားချင်း စာနာထောက်ထားမှုကို အခြေခံတဲ့ မူဝါဒနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ပြန်လည်ကြိုးစားတည်ဆောက်သွားမယ်လို့လည်း KIO က ဆိုပါတယ်။
အရင် ကချင်အထူးဒေသ (၁) အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဌာနေ ပြည်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအားလုံး စိုးရိမ်စိတ်မထားရှိဘဲ KIO နဲ့ ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ တည်ဆောက်သွားကြဖို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဗန်းမောက်တွင် စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့၏ ကာကင်းစခန်းကို PDF ဝင်ရောက်တိုက်ခိုက်၊ SNA ၃ ဦး ထက်မနည်း သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ SNA တပ်ဖွဲ့ဝင်တွေရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော်၁ယောက် ကျဆုံးခဲ့ကြောင်း ကသာခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်ဦးတွင် စစ်ကောင်စီက ထောင်နှင့်ချီသည့် အရပ်သားများကို စစ်မှုထမ်းခိုင်းဖို့ကြိုးစားနေ၊ ခရီးသွားများကိုပါ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုများရှိလာ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ထောင်နဲ့ချီတဲ့ အရပ်သားတွေကို စစ်မှုထမ်းခိုင်းဖို့လုပ်ဆောင်နေသလို ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။
Read More

Dawei Defense Team – DDT မှ ကျဆုံးခေါင်းဆောင်နှင့် ရဲဘော်များအတွက် (၄)နှစ်ပြည့် ဆွမ်းကပ်အလှူပြုလုပ်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထားဝယ် (Dawei Defense Team - DDT ) က ကျဆုံးခဲ့တဲ့ လက်ဦးဆရာကိုတင်နိုင် (ခေါ်) ရဲဘော် ဂျိမ်းစ်ဘွန်းနဲ့ ရဲဘော် ကိုရှိုင်း တို့အတွက် ဇူလိုင်လ ၇ ရက်မနေ့က သံတေတော်တွေကို (၄)နှစ်ပြည့် နှစ်ပတ်လည် နေ့လယ် ဆွမ်းကပ်လှူဒါန်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

တောင်ယမားဆည်ရေ မြင့်တက်လာမှုကို အချိန်နဲ့ တပြေးညီစောင့်ကြည့်နေတယ်လို့ ပုလဲ ပအဖက အသိပေး

စစ်ကိုင်းတိုင်း၊ ပုလဲနယ်ထဲက တောင်ယမားဆည်ရေမြင့်တက်လာပေမယ့် စိုးရိမ်စရာမရှိသေးဘူးလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

ငလျင် အကူအညီများ NUG ၊ ERO နှင့် ဒေသခံအဖွဲ့တွေဆီ တိုက်ရိုက်ပေးအပ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို

ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနစ်နာခဲ့တဲ့ ပြည်သူတွေထံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမှာ စစ်ကောင်စီက နိုင်ငံရေးနဲ့ စစ်ရေးအရ အမြတ်မထုတ်နိုင်အောင် သေချာစွာ လုပ်ဆောင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ပေါင်းတည်မှာ စစ်မှုထမ်းစုဆောင်းနေတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ထောင်ကျဖူးသူ အုပ်ချုပ်ရေးမှူးကို ရှင်းလင်း

ပဲခူတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကွက်သစ်မှာ ကြမ်းဖက်စစ်ကောင်စီခန့် ဇီးပင်လှအုပ်စု အုပ်ချုပ်ရေးမှူး ကိုသန်း (ခ) ငသန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်းထံက သိရပါတယ်။