ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ နိုဝင်ဘာလ (၂၀) ရက်ကနေ (၂၆) ရက်အတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း လက်နက်ကြီး(၁၈)လုံး၊ ဒရုန်းနဲ့ အကြိမ် (၂၀)ကြိမ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် အပြစ်မဲ့ ပြည်သူ (၁) ယောက်ကို စစ်ကောင်စီတပ် အကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ (၂၀) ရက်က အကြမ်းဖက် စစ်ကောင်စီတပ် ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ က ၁၂၀ မမ လက်နက်ကြီး (၂) လုံးကို ရေတွင်းကုန်းကျေးရွာ ချိန်း‌ချောင်းတံတားကို (၁)လုံး၊ အလယ်ကျွန်းကျေးရွာကို (၁)လုံး ပစ်ခတ်ခဲ့သလို ဒရုန်းနဲ့လည်း ကညင်ကြိုးကျေးရွာကို (၃)လုံး၊ ကျောင်းကုန်းကျေးရွာကို (၁)လုံး စုစုပေါင်း (၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စဉ့်အိုးလာကျေးရွာမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ကလည်း ဒရုန်းနဲ့ နံဇကျေးရွာကို (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကညှင်ကြိုးကျေးရွာက (၅၅)နှစ်အရွယ် အမျိုးသမီး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် သူရဲ့နေအိမ် (၁) လုံး လည်း ပျက်စီးခဲ့ရပြီး ကျောင်းကုန်းကျေးရွာက နေအိမ် (၁)လုံးနဲ့ ဆန်စက် (၁)လုံးပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သူဌေးကုန်းကျေးရွာမှာ နေရာယူထားတဲ့ စစ်ကောင်စီ တပ်က ဂရုပ်ကုန်းကျေးရွာကို ၈၁ မမ လက်နက်ကြီး (၄)လုံး ပစ်ခတ်ခဲ့တာကြောင့် ဂရုပ်ကုန်းကျေးရွာက (၆၆)နှစ်အရွယ် အမျိုးသား လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိရခဲ့သလို စစ်ကောင်စီရဲ့ ခလရ-၂၆၄ က ပိန်းဇလုပ်အဝင်ဂိတ်မှာ အလယ်ကျွန်းကျေးရွာက အမျိုးသမီး ၁ ယောက်ကိုပါ အကြောင်းမဲ့ဖမ်းဆီးထားခဲ့တယ်လို့ KNU က ဆိုပါတယ်။
နိုဝင်ဘာလ (၂၁) ရက်မှာလည်း ခလရ-၂၆၄ က ဒရုန်းနဲ့ ကျောင်းကုန်းကျေးရွာနဲ့ ဝါချဲကျေးရွာကို လက်နက်ကြီး (၉)လုံး၊ ဂရုပ်ကုန်းကို (၂)လုံး စုစုပေါင်း(၁၁)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကညင်ကြိုးကျေးရွာအတွင်း ၁၂၀ မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့တာကြောင့် ကညင်ကြိုးကျေးရွာက (၇၅)နှစ်နဲ့ (၇၀)နှစ်အရွယ် အမျိုးသား ၂ ယောက်နဲ့ (၇၃)နှစ်နဲ့ (၃၈)နှစ်အရွယ် အမျိုးသမီး ၂ ယောက် စုစုပေါင်းဒေသခံ(၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်(၁)လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကုန်းချောင်းဝမှာ နေရာယူထားတဲ့ စစ်ကောင်စီ တပ်တွေက တလှိုင်းခင်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့သေးသလို နိုဝင်ဘာလ (၂၂) ရက်မှာတော့ ခလရ-၂၆၄ က လိန်ပင်ကျေးရွာကို လက်နက်ကြီး ၁၂၂မမ (၁)လုံး ပစ်ခတ်ခဲ့ပါသေးတယ်။
နိုဝင်ဘာလ (၂၃) ရက်ကလည်း နတ်သံကွင်းရှိ စစ်ကောင်စီတပ်တွေက နိုဖိုးကျေးရွာကို လက်နက်ကြီး ၁၂၀မမ (၁)လုံး ပစ်ခတ်ခဲ့သလို နိုဝင်ဘာလ (၂၄) ရက်မှာလည်း ကျောက်တံခါးရှိ စစ်ကောင်စီတပ်တွေက ဖျံတလင်းကျေးရွာနဲ့ ခိုလိုကျေးရွာအတွင်းကို (၆၀)မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ (၂၆)ရက်မှာတော့ နတ်သံကွင်းရှိ စစ်ကောင်စီတပ်က သူးကဘီး (ကျွဲတလင်း)ကျေးရွာ ဆေးပေးခန်းကို ဒရုန်းနဲ့ (၁)ကြိမ်၊ လက်နက်ကြီး ၁၂၀မမ (၁)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာ ဆေးပေးခန်း ရှိ ဆေးခန်း (၂) ခန်းနဲ့ အခြားအဆောက်အဦး (၂)လုံး ပျက်စီးခဲ့ရတဲ့အပြင် ကုန်းချောင်းဝရှိ စစ်ကောင်စီတပ်ကလည်း တောကြောင်ပေါက်ကျေးရွာကို လက်နက်ကြီး ၁၂၀မမ(၁)လုံး၊ နတ်သံကွင်းရှိ စစ်ကောင်စီတပ်က ပဲသောင် ကျေးရွာကို လက်နက်ကြီး ၁၂၀မမ (၂)လုံး ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ − အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီးမှုများ…
0 Shares:
You May Also Like
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်တပ်ထံမှ ခဲယမ်းအများအပြား ရရှိ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံး၊ (၃) ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

တည်ငြိမ်အေးချမ်းသော ဒေသများကို တိုင်းရင်းသားလက်နက်ကိုင်များ ဖျက်ဆီးတိုက်ခိုက်နေသည်ဟု ချင်းအမျိုးသားနေ့ အထိမ်းအမှတ် မင်းအောင်လှိုင် စွပ်စွဲ

တည်ငြိမ်အေးချမ်းနေတဲ့ ဒေသတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးနေတယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ဘုတလင်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းရွာကို မီးဝင်ရှို့ရင်း အသက် ၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းကျေးရွာကို မီးရှို့ဖျက်ဆီးကာ အသက်၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မုံရွာမြို့မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်ခွာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်​ေ
Read More

ဝမ်းတွင်းက စစ်မှုထမ်း အလိုရှိစာရင်းထဲ သံဃာတော်တွေ ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာက စစ်မှုထမ်းစာရင်းထဲမှာ သံဃာတော် ၂ပါး ပါဝင်နေတယ်လို့ Voice of Wundwin ထံက သိရပါတယ်။