ဧရာဝတီတိုင်း၊ ဟင်္သာတအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁ယောက်ကို အကျဥ်းထောင်ဝန်ထမ်းက အရက်သေစာသောက်စားပြီး အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်တဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဒီဖြစ်စဥ်အပေါ် အကျဥ်းထောင်အာဏာပိုင်နဲ့ တာဝန်ရှိသူတွေက လျစ်လျူရှုထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ဦး​ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
နိုဝင်ဘာ ၁၁ရက် ညပိုင်းက ဟင်္သာတ အကျဥ်းထောင် ၊ အဆောင် ၄ မှာရှိနေတဲ့ နိုင်ငံရေးအကျဥ်းသား ကိုရှိုင်းထက်ဇော်ကို တစ်ပွင့်နဲ့ အကျဥ်းဦးစီးဝန်ထမ်း အောင်ကျော်မြင့်ဆိုသူက အကြောင်းပြချက်မရှိ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
အဆောင်ပိတ်ချိန် ည ၈နာရီလောက်မှာ အကျဥ်းဦးစီးဝန်ထမ်း အောင်ကျော်မြင့် ရောက်ရှိလာပြီး ကိုရှိုင်းထက်ဇော်ရဲ့နာမည်ကို ခေါ်ကာ လက်တွေကို ဘာယာတန်း (အခန်းအပြင်သို့ လက်တွေသာထုတ်လို့ရအောင် ပြုလုပ်ထားသော တိုင်အတန်းများ) အပြင်ဘက်ဆီ ထုတ်ခိုင်းပြီး အကြမ်းဖက်ရိုက်နှက်ခဲ့တာလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
အကြမ်းဖက်ရိုက်နှက်ခံရတဲ့ ကိုရှိုင်းထက်ဇော်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပုဒ်မ ၅၀(ည)၊ ၅၁ (က)ပုဒ်မတွေနဲ့ ဟင်္သာတအကျဥ်းထောင်မှာ မတရားအကျဥ်းချခံထားရသူ ၁ယောက်ဖြစ်ကြောင်းနဲ့ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ အကျဥ်းဝန်ထမ်း အောင်ကျော်မြင့်ဟာလည်း မူးယစ်သောက်စားပြီးချိန်တိုင်း နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်နှိပ်စက်တတ်ကြောင်း PPNM က ထုတ်ပြန်ပါတယ်။
“ကိုရှိုင်းထက်ဇော်အရင် နိုင်ကျဥ်း ၄၊ ၅ယောက်လောက်ကလည်း အလားတူ ရိုက်နှက်ခံရတဲ့ဖြစ်စဥ်တွေ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျနော်တို့အဖွဲ့အနေနဲ့ သူ(အကျဥ်းဝန်ထမ်း) ညှင်းပန်းနှိပ်စက်ခဲ့တာတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ ကြိုးစားရပါဦးမယ်။ ကိုရှိုင်းထက်ဇော်ကိုလည်း ပုဂ္ဂိုလ်ရေးအ​ငြိုးထားပြီး လုပ်တယ်လို့ သိရတယ်။ နံပါတ်တုတ်နဲ့ လက်ကိုအပြင်ထုတ်ခိုင်းပြီး ရိုက်နှက်ခဲ့တာပါ။ အရိုက်ခံရတဲ့လက်တွေလည်း ယောင်ကိုင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဥ်မှာ အခြားအကျဥ်းသားတွေက မရိုက်နှက်ဖို့ တားဆီးကြပါသေးတယ်။ ဒါပေမယ့် မရခဲ့ဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ဦး​ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ထောင်ဝန်ထမ်းအောင်ကျော်မြင့်ကို ထောင်အာဏာပိုင်တွေက တားဆီးအရေးယူတာ​မျိုးတွေမရှိတဲ့အပြင် ကိုယ်တိုင်အမိန့်ပေးခိုင်းစေတာမျိုးတွေလည်းရှိကြောင်း PPNM က ထုတ်ပြန်ပါတယ်။
လက်ရှိကာလအတွင်း နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဥ်းကျနေသူတွေအဖို့ လူ့အခွင့်အရေး၊ အကျဥ်းသား အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့အပြင် ထောင်အာဏာပိုင်တွေရဲ့ ဖိအားပေးငွေညှစ်မှုတွေ၊ ရိုက်နှက်နှိပ်စက်မှုတွေနဲ့ အချိန်မရွေး အသက်အန္တရာယ်ပေးနိုင်တာမျိုးတွေအထိ ခြိမ်းခြောက်ခံနေရတာ ဖြစ်ပါတယ်။
” စစ်တပ်အာဏာသိမ်းပြီးချိန် နောက်ပိုင်းကစလို့ မြန်မာပြည်အကျဥ်းထောင်တွေက နိုင်ကျဥ်းတွေကို ဖိနှိပ်ဖို့ဆောက်ထားတဲ့ ယန္တရားတွေလို ပြောင်းသွားတယ်ပေါ့။ ဒါကြောင့်မို့လည်း နိုင်ကျဥ်းတွေက ခွဲခြားဆက်ဆံခံရတယ်။ အခြားရာဇဝတ်အကျဥ်းသားတွေကို ရာထူးအာဏာတွေပေးပြီး ရိုက်နှက်ခိုင်းတာမျိုးတွေ လုပ်တယ်ပေါ့။ ဒါက အင်မတန်ဆိုးဝါးတဲ့ လုပ်ရပ်တွေပါ။ ထောင်အာဏာပိုင်တွေကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖောက်နေတော့ နောက်လိုက်နောက်ပါတွေကလည်း ဆိုးဆိုးဝါးဝါးလုပ်ဆောင်လာတာပါ။” လို့ ကိုသိုက်ထွန်းဦးက ပြောခဲ့ပါတယ်။
ပုံစာ – ဟင်္သာတ အကျဉ်းထောင်ကို အပြင်ဘက်က မြင်တွေ့ရစဉ် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံတကာ ပိတ်ဆို့မှုများကို ကျော်လွှားဖို့ နည်းလမ်းရှာရမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုသိမ်ကြီးနဲ့ မတ္တရာအစပ်က စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထို-ဘီးလင်းလမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအပါ ၄ ဦး သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

မွန်ပြည်နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်ရှိ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိ (၁) ယောက်အပါအဝင် စစ်ကောင်စီတပ်သား (၄) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လူသတ် မီးရှို့ ခိုးယူနေသည့် ရေစကြိုတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်​တပ်က ရေလယ်ကျွန်းဒေသနဲ့ ပခုက္ကူ-မန္တလေးလမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးပြီး အရပ်သား ၁၁ ယောက်ကို သတ်ဖြတ်ထားခဲ့ကြောင်း သိရပါတယ်။