ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ခရိုင်အဆင့် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) က ဦးဆောင်ပြီး နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်က ရွှေကျင်မြို့နယ်၊ ကော်မူဒဲ အထက်တန်းကျောင်းမှာ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်ပါတယ်။
အမျိုးသမီးနဲ့ ကလေးတွေ အပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကနေ ဘေးကင်းလုံခြုံတဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ ဒီ (၁၆) ရက်တာလှုပ်ရှားမှုရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဟောပြောပွဲတွေနဲ့ အသိပညာပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ (၁၆) ရက်တာလှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်ကနေ ဒီဇင်ဘာလ (၁၀) ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး လှုပ်ရှားမှုတွေအနေနဲ့ ကျေးရွာအတွင်း မိခင်နဲ့ ကလေးတွေကို အကြမ်းဖက်မှုပပျောက်နိုင်ဖို့ အသိပညာ ပေးခြင်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာ အသိပညာပေးခြင်း၊ ကျောင်းဆရာ၊ဆရာမတွေနဲ့ ကျေးရွာအုပ်စုတာဝန်ရှိသူတွေကို တွေ့ဆုံပြီး အမျိုးသမီးနဲ့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်စေဖို့ အသိပညာပေးခြင်း၊ ပြည်သူလူထုနဲ့ တွေ့ဆုံကာ အမျိုးသမီးနဲ့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်စေဖို့ တိုင်ပင်ဆွေးနွေးခြင်းတွေ ပြုလုပ်သွားမယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ပုံစာ − ညောင်လေးပင်ခရိုင်က နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်စေဖို့ (၁၆) ရက်တာ လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားပုံရိပ်များ…
0 Shares:
You May Also Like
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့ ကျောက်တွင်းလုပ်ကွက် စစ်တပ်ဗုံးကြဲမှုဖြစ်စဥ် NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်က ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်း အပတ်စဉ် (၉) အထိ နိုင်ငံတစ်ဝန်း ပြည်သူ ၄၀၀၀၀ ကျော် စုဆောင်းခံထားရ

စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်လာချိန်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို အတင်းအဓမ္မ စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာမှ ရေရှည်စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာက ရေရှည်စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပလမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၃ ပတ်ကျော်ကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ ကျော်သေပြီး ၄၀ ကျော်ဒဏ်ရာရဟု ဆို…

" ထိတွေ့မှု တော်တော်များများက ပလမြို့ထဲမှာပဲ ဖြစ်ခဲ့တယ်။ သေဆုံးမှုတွေကို မျက်မြင်၊ အလောင်းရရှိမှုနဲ့ ခိုင်မာတဲ့ သတင်းပေးတွေဆီကနေ ရတဲ့ အချက်အလက်တွေနဲ့ အတည်ပြုပါတယ်ဗျ။ လေကြောင်းပစ်ကူက နေ့စဉ်လိုလို ရှိတယ်။ နောက်ဆုံး ၁၂ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ရှိခဲ့တယ်" လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

မုံရွာ – အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ - အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ဒီဇင်ဘာလအတွင်း တီးတိန်မှာ CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့ထံ စစ်သားနဲ့ရဲ ၄ယောက် အလင်းဝင်လာ၊ တပ်ဖွဲ့ပိုင် ဆိုင်ကယ်ခိုးယူသူတွေကိုလည်း လိုက်လံဖမ်းဆီးနိုင်ခဲ့

ဒီဇင်ဘာလအတွင်း CDF Civil Defense Militia - CDM- Siyin တပ်ဖွဲ့ထံ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်ရောက်လာသလို တပ်ဖွဲ့ဝင်ရဲ့ဆိုင်ကယ် ခိုးယူသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။