ကရင်နီဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီက ပြန်လည်ရယူနိုင်ဖို့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လာနေပြီး စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေရှိနေကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေက အများအပြား စစ်ကြောင်းထိုးမှုနဲ့အတူ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း များပြားလာတယ်လို့ သိရပါတယ်။
“လက်နတ်ကြီး ပစ်ခတ်တာ နေ့တိုင်းလိုလိုရှိတယ်။ စစ်ကောင်စီစစ်ကြောင်းက မိုးဗြဲအထိုင်တပ်ဖြစ်တဲ့ ၄၂၂ မှာ ရာနဲ့ချီပြီး ရောက်နေတယ်ဆိုတာ သိရတယ် ။ နောက်တစ်ကြောင်းက မြေပြင်ကနေလာတဲ့စစ်ကြောင်းတွေလည်းရှိတယ်။ မိုးဗြဲအရှေ့ဖယ်ခုံမှာလည်း ရက်ရှည်တိုက်ပွဲတွေ ခဏခဏဖြစ်နေတယ်” လို့ ဒီမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဗဟိုရုံး) ပြန်ကြားရေးတာဝန်ခံ ကိုဒီးက မောင်းကိုပြောပါတယ်။
နိုဝင်ဘာလ ပထမအပတ်တုန်းကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒီမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပွါးကြတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၂ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ပွင့်လင်းရာသီဖြစ်လာချိန် ကရင်၊ ကယား၊ ချင်း၊ ကချင်၊ ရခိုင်၊ စစ်ကိုင်းတိုင်း စတဲ့ ဒေသတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေ ပိုမိုလုပ်ဆောင်လာနေပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေလည်း တောက်လျှောက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပုံစာ – ကရင်နီတော်လှန်ရေး ဒရုန်းတပ်ဖွဲ့ မစ်ရှင်တစ်ခု လုပ်ဆောင်ဖို့ ပြင်ဆင်နေစဉ်
0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၃/၂၀၂၅) သင်တန်းဆင်းပွဲ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖယ်ခုံတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ နေအိမ် ၄ လုံး ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ Karenni Human Rights Group (KnHRG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းပြီး ၄ နှစ်တာအတွင်း မြန်မာစစ်ခေါင်းဆောင်တွေ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာ…

အာဏာသိမ်းပြီး ၄ နှစ်တာကာလအတွင်း မြန်မာစစ်ခေါင်းဆောင်တွေဟာ မကြုံစဖူး အဆင့်ထိ လူအခွင့်အရေးချိုးဖောက်မှုတွေ တိုးမြင့်ကျူးလွန်လာတယ်လို့ ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်မှာ အိမ်ဆောက်ပိုင်ခွင့်မရှိသည့် လယ်ယာမြေဆိုပြီး စစ်ကောင်စီက အိမ်များကို ဖျက်ဆီးကာ အကွက်ရိုက် ပြန်ရောင်းစား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့မှာ အိမ်ဆောက်ပိုင်ခွင့်မရှိတဲ့ လယ်ယာမြေဟုဆိုကာ ပြည်သူပိုင်အိမ်တွေကို အတင်းအဓမ္မဖျက်ဆီးခဲ့ပြီးနောက် အဲဒီမြေကိုပဲ မြို့ကွက်သစ် ဖော်ထုတ်ရေး စီမံကိန်း ခေါင်းစဉ်နဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပြန်လည်ရောင်းစားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်‎မှ စစ်မှုထမ်းဆင်း စစ်သား (၄) ဦး K.N.L.A တပ်မဟာ(၄) ၊ တပ်‌ရင်း(၁၁) ထံ အလင်းဝင် ဘက်ပြောင်းခိုလှုံ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဆင်း စစ်သား ၄ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ထံ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ လူ့ဘီလူးဝါဒသုံး စစ်ကောင်စီ

စစ်ကောင်စီက ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။