စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကျေးရွာ ၂၂ ရွာက ဒေသခံ ၁၅၀၀၀ ခန့် စစ်ရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ပုလဲမြို့နယ်အတွင်း နိုဝင်ဘာ ၁၁ ရက်က စတင်လို့ ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ‌ပြည်သူလူထုပိုင် နေအိမ်တွေ မီးရှို့ဖျက်ဆီးခြင်းတွေ ပြုလုပ်ခဲ့တာကြောင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေအပါအဝင် ဒေသတွင်းရှိ ကျေးရွာ (၂၂)ရွာက လူဦးရေ (၁၅၀၀၀)ခန့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ NUG က ဆိုပါတယ်။
အဲ့ဒီစစ်ဘေးရှောင် ပြည်သူတွေအတွက် လတ်တလော အရေးပေါ် အကူအညီအဖြစ် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါး လိုအပ်ချက်တွေ ရှိနေပြီး NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တွေဆီ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီ အရေးပေါ် စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ ရောက်ရှိစေရေးအတွက် ဒေသတွင်းက ပြည်သူ့အုပ်အုပ်ရေးအဖွဲ့ဝင်တွေ၊ လူသားစာနာတာဝန်ခံတွေနဲ့ ချိတ်ဆက်ပြီး ဖြန့်ဝေထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး သေဆုံး၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား(၁) ယောက် သေဆုံးခဲ့ပြီး အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် နေပြည်တော်တွင် စစ်ရုံးချုပ်အပါအဝင် ထိခိုက်ပျက်စီးမှုများပြား။ ဌာနဆိုင်ရာရုံးတချို့ကို ရန်ကုန်မှာ ပြောင်းလဲဖွင့်လှစ်မည်ဟု ဆို

မတ်လ ၂၈ ရက်နေ့မှာ ပြင်းထန်စွာလှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ဘက်နဲ့ ဌာနဆိုင်ရာ အဆောက်အဦးတွေ အကြီးအကျယ် ပြိုကျပျက်စီးခဲ့တယ်လို့ သိရပြီး၊ အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်ရှိ ဌာနဆိုင်ရာရုံးတချို့ကို ရန်ကုန်မြို့မှာ ပြောင်းရွေ့ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ နေပြည်တော်နဲ့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။
Read More

နောင်ချိုနဲ့ ပြင်ဦးလွင်အစပ်မှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်တပ်မိသားစုအသိုင်းအဝိုင်းတွေ ဒုတိယအကြိမ်ပြောင်းရွှေ့နေကြ

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဂန့်ဂေါရွာအနီးမှာ ထိတွေ့တိုက်ပွဲတွေဖြ​စ်ပွားနေချိန် ဘယ်လောက်မှမဝေးတော့တဲ့ ပြင်ဦးလွင်မြို့နယ်မှာ စစ်တပ်အသိုင်းဝိုင်းမိသားစုဝင်တွေ ပြောင်းရွှေ့နေကြသလို စစ်ကောင်စီကလည်း ခုခံစစ်အတွက် အထူးသတိပြုနေကြတယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

NUG က ငလျင်ဒဏ်သင့် စိုးမိုးနယ်မြေများတွင် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေ၊ ငလျင်ဒဏ်သင့်ဒေသများကို နိုင်ငံတကာ ကူညီပေးဖို့ တောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတဝန်း အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။
Read More

KNDF ဗျူဟာ (၇) ၊ တပ်ရင်းအမှတ် (၂၈) ရဲ့ ၂၀၂၅ ခုနှစ် ရှေ့လုပ်ငန်းစဥ်တွေအကြောင်း ဆွေးနွေးတိုင်ပင်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ ဗျူဟာအမှတ် (၇) ၊ တပ်ရင်းအမှတ် (၂၈) က တပ်ဗိုလ် တပ်မှူးတွေနဲ့ ရဲဘော်ရဲမေတွေ ၂၀၂၅ ခုနှစ် ရှေ့လုပ်ငန်းစဥ်တွေအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။