ရှမ်းတောင်၊ ဓနုဒေသ၊ ရွာငံမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးတွေ ဆက်တိုက်ပစ်ခတ်ရှင်းလင်းခံခဲ့ရသလို စစ်ကောင်စီက ကျေးရွာ ၃ရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သားတွေကို ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၆ရက် မနေ့က ညနေပိုင်းမှာ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်မိုးနိုင် နဲ့ ပျူစောထီးအဖွဲ့ဝင်ဆန်းဦးဆိုသူတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အုပ်ချုပ်ရေးမှူးနေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။
“ပစ်ခတ်ရှင်းလင်းခံရတဲ့ ၂ယောက်လုံးက မြင်းကျဒိုးရွာ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်ရဲ့လက်ထောက်တပည့်တွေပါ။ အရင်အပတ်ကဆို သူတို့ ပြည်သူ့စစ်(ပျူစောထီး) တွေ စီးမယ့်ကားဝယ်ဖို့ကို ရွာထဲ တစ်အိမ် ၄သိန်းလိုက်ကောက်တယ်။ စစ်မှုမထမ်းချင်ရင် ငွေတောင်းတယ်။ ဖိအားပေးတယ်။ PDF တွေ သတင်းစုံစမ်းတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးတာတောင်မရဘူး။” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
အဲဒီနေ့ မတိုင်ခင် နိုဝင်ဘာ ၂၅ရက်နေ့ ညနေပိုင်းကလည်း ရေချမ်းကျေးရွာနေ ​ပျူစောထီးအဖွဲ့ဝင် ပြည့်ဖြိုးအောင်ဆိုသူကို ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုက အလားတူပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
ပြည့်ဖြိုးအောင်ဆိုသကလည်း မူးယစ်ဆေးဝါးရောင်းဝယ်ပြီး စစ်ကောင်စီအတွက် PDF သတင်းတွေ စုံစမ်းပေး​နေသူဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် ရွာငံမြို့နယ်အတွင်းက နွားဘန်းကြီး၊ မျှားကလေး၊ လယ်ကိုင်းကျေးရွာတွေကို စစ်ကောင်စီက ပိတ်ဆို့ဝင်ရောက်ပြီး အရပ်သားတွေကို ဖမ်းဆီးရိုက်နှက် ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
“အရင်အပတ်ကဖြစ်ခဲ့တဲ့ ရွာငံမြို့ပေါ် ပစ်ခတ်မှုတွေမှာ သူတို့တွေ (စစ်အုပ်စု) အထိနာသွားတော့ မြို့အနောက်ဘက် ပန်းပင်တောင်တန်းဘက်မှာ စစ်ကြောင်းသုံးကြောင်းခွဲပြီး အင်အား၁၀၀နီးပါးနဲ့ ရွာသုံးရွာကို ပိတ်ဆို့ထားတယ်။ တောင်ယာက ပြန်လာတဲ့ ရွာသူရွာသားတွေကို ဝမ်းလျားမှောက် စစ်​ဆေးတယ်။ တစ်အိမ်တက် တစ်အိမ်ဆင်း စစ်​တယ်။ ရိုက်တယ်။ နှက်တယ်။ ငွေညှစ်တယ်။ ငွေမပေးနိုင်လို့ အခုထိ ဖမ်းဆီးခံထားရတဲ့သူတွေလည်း ရှိပါတယ်။ နွားဘန်းကြီးရွာကပဲ ၅ယောက် ၆ယောက်လောက်ရှိတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၂၆ရက်၊ မနေ့ကဖြစ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတို့ပစ်ခတ်ရှင်းလင်းခံရတဲ့ဖြစ်စဥ်ပြီး စစ်​ဆေးဖို့လာရောက်တဲ့ စစ်ကောင်စီကား ၃စီးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။
” ညနေ၆နာရီခွဲလောက်မှာ မိုင်းဆွဲခဲ့တာ ကား၁စီး မိုင်းထိပြီး ပျက်စီးတယ်။ လူထိခိုက်သေဆုံးတော့ မသိရသေးပါဘူး။ ဒီမစ်ရှင်နဲ့ ဘုရားကြီးကုန်းက အုပ်​ချုပ်ရေးမှူးရှင်းလင်းတာကို ဂျိုးဖြူ(Jprf)အဖွဲ့က ပူးပေါင်းလာတဲ့ ရွာငံ ပကဖခွဲ(၃)ခွဲမှူးညဦးဆောင်ခဲ့တာပါ” လို့ စစ်​ရေးသတင်းရင်းမြစ်က မောင်းကို ပြောခဲ့ပါတယ်။
ပုံစာ – ပစ်ခတ်ရှင်းလင်းခံရတဲ့ ဘုရားကြီးကုန်းရွာ အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးဒလန်
0 Shares:
You May Also Like
Read More

PDF ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး လမ်းပြုပြင်… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအ​ခြေစိုက် Khut Daung Company Saw PDF က ရဲဘော်တွေအနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက မိုးတွင်းကာလမှာ ပျက်စီးခဲ့တဲ့လမ်းတွေကို နိုဝင်ဘာ ၁၀ ရက်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြန်လည် ပြုပြင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အထွေထွေဖိနှိပ်မှုတွေကို အန်တုပြီး စစ်ကောင်စီကို ထွက်ပေါက်မပေးဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဒေါပုံမှာ သန်းခေါင်စာရင်းလိုက်ကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို ဓာတ်ဆီ ပက်ပြီး မီးရှို့တိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ စစ်မှုထမ်းနဲ့ ရွေးကောက်ပွဲအတွက်  သန်းခေါင်စာရင်းလာကောက်တဲ့ ရာအိမ်မှူးနဲ့အဖွဲ့ကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲသစ်တင်မြောက်ပွဲနဲ့ တအာင်းနှစ်သစ်ကြိုဆိုပွဲကို TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် တက်ရောက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ အနောက်ကင်းကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ တားပလိန်း (ခေါ်) ငွံန်ရောတ်မျိုးနွယ်စု အကြီးအကဲ ရွေးကောက်တင်မြှောက်ခြင်း အခမ်းအနားနဲ့ (၂၇၁၆) နှစ်ပြည့် တအာင်းနှစ်သစ်ကူး ကြိုဆိုပွဲကို တအာင်းတပ်မတော် PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော် တက်ရောက်ခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့ပေါ် ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊  ဘုရားတံတိုင်းနှင့် အဆောက်အအုံများ ပျက်စီး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော် (Bamar Army) ဟာ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။