ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ သတင်းပေးနဲ့ လမ်းပြဒလန်တွေကို ရှင်းလင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လုပ်ခဲ့တယ်လို့ Dragon Brothers (GBK-PDF) က ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်၊ ညနေပိုင်းမှာ ကြို့ပင်ကောက်မြို့နယ်၊ လှေတုံးကျေးရွာအုပ်စု၊ စီကောက်ပင်ရွာက စစ်ကောင်စီသတင်းပေးဆိုသူ ဝင်းအောင်ကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ – ၁ Dragon Brothers (GBK-PDF) က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီသတင်းပေး ဝင်းအောင်ဟာ ပြည်သူတွေကို သတင်းပေးတိုင်ကြားဖမ်းဆီးခိုင်းတာတွေ၊ တော်လှန်ရေး ရဲဘော်တွေရဲ့ အချက်အလက်တွေကို ထောက်လှမ်းသတင်းပို့တာတွေ၊ ပြည်သူနေအိမ်တွေကို စစ်ကောင်စီအရာရှိတွေ အားကိုးနဲ့ ဖျက်ဆီးတာတွေကို လုပ်ဆောင်နေတာကြောင့် အခုလို အရေးယူလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်၊ မနက်အစောပိုင်းမှာလည်း ဘော်ဘင်ရွာမှာ နေထိုင်တဲ့ စစ်ကောင်စီလမ်းပြ ပျူစောထီး ကျော်လွင်ဦးကို ထပ်မံ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လမ်းပြကျော်လွင်ဦးဟာ စစ်ကောင်စီတွေနဲ့ ပေါင်းပြီး ပြည်သူတွေကို PDF တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေကို လုပ်ဆောင်နေတဲ့ သူဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – စစ်ကောင်စီအတွက် သတင်းပေး လမ်းပြ လုပ်ဆောင်မှုကြောင့် ရှင်းလင်းခံရသူများ
0 Shares:
You May Also Like
Read More

ဒေါနတပ်ရင်းတွင် စစ်သားဘဝမှ PDF ရဲဘော်ဖြစ်လာသူ ၂၃ ဦးရှိပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ ၅၉၁ က စစ်ကောင်စီတပ်သား ၂ ယောက် ဖေဖော်ဝါရီလ ၂၇ ရက်မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

Senthang Revolution Force (SRF) ၏ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Senthang Revolution Force (SRF) ရဲ့ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲကို ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရောက်ရာအရပ်မှာ အပစ်ရပ်မယ်၊ စစ်ကောင်စီလည်း ဝေဟင်မြေပြင် ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းဖို့ MNDAA ထုတ်ပြန်၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ စွဲကိုင်ထားတယ်လို့ MNDAA ဆို

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အနေနဲ့ ရောက်ရာအရပ်မှာ အပစ်ရပ်မှာဖြစ်ပေမယ့် စစ်ကောင်စီကလည်း မြန်မာနိုင်ငံနေရာအနှံ့က ဝေဟင်နဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းပေးရမယ်လို့ ပြည်တွင်းစစ်ရေးပဋိပက္ခ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ဒီဇင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ MNDAA က ဖော်ပြထားပါတယ်။
Read More

၇၈ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနား SSPP ဌာနချုပ်မှာ ကျင်းပ (ဓာတ်ပုံသတင်း)

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်မှာ ရှမ်းအမျိုးသားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅ဝ) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေနဲ့ တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါ စစ်ကောင်စီတပ်သား ၁၀ ဦး သေ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမရှော့ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း ထိမှန် မီးလောင်ခဲ့ပြီး အရာရှိအဆင့် ၂ ယောက်အပါ စုစုပေါင်း ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်လာပါတယ်။