မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံပျူစခန်းကနေ ခြောက်ဘီးယာဉ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TGYR-YouthGuerrillaCounterRevolution-NZ(LPDF) အဖွဲ့ထံက သိရပါတယ်။
အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို တဲကြီးကျေးရွာအရှေ့ဘက်မှာ တော်လှန်ရေးရဲဘော်တွေက မိုင်း ၆ လုံးနဲ့ လက်ဦးမှုရယူကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်း ၃ လုံးပေါက်ကွဲခဲ့ပြီး ပျူစောထီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေဟာ တဲကြီးကျေးရွာအရှေ့ဘက်ကို တောနင်းရှာဖွေမှုတွေ ပြုလုပ်နေပြီး ငါန်းဇွန်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိရှိရှိ နေထိုင်ကြဖို့ TGYR-YouthGuerrillaCounter Revolution-NZ(LPDF)အဖွဲ့က တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

ယနေ့နံနက်ပိုင်း တံတားဦီးမြို့မှာ ပြင်းအား ၄ ဒဿမ ၈ အဆင့်ရှိ ငလျင် လှုပ်ခတ် (ရုပ်/သံ)

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ ဒီနေ့ ဇူလိုင် ၃ ရက် မနက် ၇ နာရီ ၁၀ မိနစ်ခန့်က ပြင်းအား ၄ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနှင့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ ဒီဇင်ဘာ ၂၉ ရက်က အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး စစ်ကြောင်းပျက်၊ ၁၅ ဦးသေပြီး ၁၂ ဦးဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့ စစ်ကော်မရှင် တပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၁၂ ယောက်ဖမ်းဆီးမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ရောက်ရှိလာသည့် တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း ရဲဘော်များ (ရုပ်/သံ)

ရန်ကုန်-မန္တလေးလမ်း‌‌ဟောင်းပေါ် ရောက်ရှိနေတဲ့ PDF ရဲဘော်တွေရဲ့ ရုပ်သံတစ်ခုကို တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက လူမှုကွန်ရက်ကတဆင့် “အမြန်လမ်းပေါ်မှာ တွေ့ကြမယ်” ဆိုတဲ့ စာသားနဲ့အတူ ဒီနေ့ သြဂုတ် ၂၆ ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေး ပါဝင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစာရေး ၁ ဦးဖမ်းဆီးမိ (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်-မြို့သစ် လမ်းပိုင်းမှာ စစ်ကော်မရှင်ရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်မင်းသူကို အရှင်ဖမ်းမိခဲ့တယ်လို့ အမှတ် ၉၀၃ တပ်ရင်းမှ ယနေ့သတင်း ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၈ ရက်နေ့က နတ်မောက်-မြို့သစ် လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းလုံခြုံရေး စစ်ဆေးနေစဉ် ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူကို အရှင်ဖမ်းဆီး နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိခဲ့သော ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူ ထံမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ စာရင်းတချို့ကို အမှတ် ၉၀၃ တပ်ရင်းတာဝန်ရှိသူမှာ အကြီးတန်းစာရေး မောင်မင်းသူကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။
Read More

လက်ဗလာနဲ့စခဲ့တဲ့ တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန် (ရုပ်/သံ)

လက်ဗလာနဲ့စခဲ့တဲ့တော်လှန်ရေး ကျရာတာဝန်ကို ကိုယ်စီထမ်းကြရင်းနဲ့ တနေ့ထက်တနေ့ အိမ်ပြန်လမ်းနီးပြီလို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။