မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တပ်ဦးနဲ့ တပ်မတော်ရဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတင်ပြခြင်းနဲ့ စစ်မြေပြင် တပ်ဖွဲ့ဝင်တွေရဲ့ အခက်အခဲတွေ ဝိုင်းဝန်းဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေကို နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ ဥရောပနိုင်ငံတွေက မကဒတ မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေနဲ့ မကဒတ ကို ကူညီထောက်ပံ့သူတွေ တက်ရောက်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက် တွေ့ဆုံဆွေးနွေးပွဲကိုတော့ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့က မကဒတ မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေနဲ့ မကဒတ ကို ကူညီထောက်ပံ့သူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် တို့ တက်ရောက် အမှတ်တရစကား ပြောကြားခဲ့သလို အနုပညာရှင်တွေဖြစ်တဲ့ မွန်းအောင်နဲ့ ချမ်းချမ်း တို့ကလည်း တေးသီချင်းတွေနဲ့ အမှတ်တရ သီဆိုဖျော်ဖြေခဲ့ပါသေးတယ်။
တွေ့ဆုံဆွေးနွေးမှု နှစ်ခုစလုံးမှာ ပါဝင် တက်ရောက်သူတွေက မကဒတ (ကျောင်းသားတပ်မတော်) ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် ရံပုံငွေတွေ ထည့်ဝင်ကူညီခဲ့ရာ စုစုပေါင်းကျပ် သိန်း ၁,၀၀၀ ရရှိခဲ့တယ်လို့ ABSDF က ဆိုပါတယ်။
ကျောင်းသားတပ်မတော်ရဲ့ တပ်ဦးနဲ့ တပ်မတော် ရှေ့လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံတကာရောက် မကဒတ(ကျောင်းသားတပ်မတော်)မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေ၊ တပ်ဦးနဲ့ တပ်မတော်ကို အားပေးကူညီသူတွေနဲ့ တွေ့ဆုံပွဲတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ဒဏ်ရာရရှိခဲ့၊ စစ်ကောင်စီတပ်က အရပ်သား (၂) ယောက်ကိုပါ အကြောင်းမဲ့ဖမ်းဆီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား (၁) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရကာ နောက်တန်း ခေတ္တပြန်နားတဲ့ ရဲဘော်တွေကို ဒေသခံတွေ ကြိုဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူး စစ်ဆင်ရေးအပါအဝင် အခြားသော မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး နောက်တန်း ခေတ္တပြန်ကာ ဆေးကုသမှုခံယူကြတဲ့ ဒဏ်ရာရရဲယော်တွေနဲ့ နာမကျန်း ရဲဘော်တချို့ကို ယင်းမာပင် ခရိုင်အတွင်း ကျေးရွာဒေသခံတွေက ကြိုဆိုခဲ့ကြပါတယ်။
Read More

ညောင်ဦးမှာ အကြမ်းဖက်စစ်တပ်က ရာနဲ့ချီတဲ့ လူတွေကို ဖမ်းပြီး စစ်မြေပြင်ဆီ အတင်းအကျပ်ပို့ဆောင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ်တွေကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ရင်း မြို့ပေါ်မှာ ရမ်းကားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မန္တလေးတိုင်းအတွင်း တိုက်ပွဲတစ်နေရာတွင် ဥဒေါင်းမင်းစစ်ကြောင်း ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ပြည်ထောင်စု လွတ်မြောက်ရေးတပ်တော် တပ်ရင်းအမှတ် ၁၇၅ ဥဒေါင်းမင်းစစ်ကြောင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်သင်တန်း အပတ်စဥ် (၄) သင်တန်းဆင်းပွဲကျင်းပ 

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (RMA) ရဲ့  အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ပွင့်ဖြူ PDF ၊ ပွင့်ဖြူ ပကဖ နဲ့ Yenanthar Youth Force တို့ရဲ့ စုပေါင်းကထိန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း (ပွင့်ဖြူ PDF) ၊ Yenanthar Youth Force နဲ့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စုပေါင်းကထိန်ပြုလုပ်ခဲ့တယ်လို့ ပွင့်ဖြူ PDF က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။