တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” အထိမ်းအမှတ်အနေနဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ကနေ ဦးဆောင်ပြီး “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု” ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ နှစ်ပေါင်းများစွာကတည်းက အမျိုးသမီးတွေကို ဖိနှိပ် ခွဲခြားဆက်ဆံမှုတွေရှိခဲ့ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကလည်း ပတ်ဝန်းကျင်ရဲ့ အကာအကွယ်ပေးမှုမဲ့တာတွေ၊ လစ်လျူရှုခံရတာတွေကို ခံစားနေကြရတာပါ။
အလားတူ မြန်မာနိုင်ငံမှာလည်း ၂၀၂၁၊ ဖေဖော်ဝါရီ လမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေကို အကြမ်းဖက်မှု ကျူးလွန်တာတွေ များသထက်များလာနေတာပါ။
ဒါကြောင့် အမျိုးသမီးတွေဟာ လူသားအားလုံးရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးမှန်သမျှကို လုံးဝခွဲခြားခံရခြင်းမရှိဘဲ တတန်းတည်းရပိုင်ခွင့်ရှိသလို မည်သူတဦးတယောက်ကမျှ အကြမ်းဖက်မှု ကျူးလွန်ပိုင်ခွင့် လုံးဝမရှိတဲ့ လူတန်းစားတရပ်ဖြစ်ကြောင်းကို ဆန္ဒထုတ်ဖော်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Rosy Women’s Union – Dawei
0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ကျေးရွာများကို လှည့်လည်ပြီး မင်းဘူးခရိုင် ပကဖ တာဝန်ခံ ဟောပြောဆွေးနွေး…

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာတွေကို မင်းဘူးခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံ နဲ့ တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံကာ အကြမ်းဖက်စစ်တပ် လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ဖို့ ဟောပြောဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ထီးလင်းမှာ အများပြည်သူ အိပ်မောကျနေချိန် စစ်ကောင်စီတပ် လေကြောင်းပစ်ခတ်တိုက်ခိုက်၊ ကျောင်းသူ ၂ ဦးအပါ ၄ ဦးသေဆုံး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အများပြည်သူ အိပ်မောကျနေချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကျောင်းသူ ၂ ယောက်အပါအဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

STUM ဦးဆောင်သူ အပါအဝင် အဖွဲ့ဝင် ၁၀ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အလုပ်သမားအဖွဲ့အစည်းများ တောင်းဆို

မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးကို ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးထားအမှုအပေါ် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဘက် အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
Read More

မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ထုတ်ပြန်

"ဒီလိုပွဲတွေက မွန်လူငယ်တွေ ကြားထဲမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တခြားဒေသနဲ့စာရင် မွန်တွေက ဘာမှမလုပ်ဘူးဆိုပြီး ဖြစ်တယ်ပေါ့နော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တော်လှန်ရေးအစပိုင်းမှာ မွန်လူငယ်တွေကို ဦးဆောင်မှုပိုင်း ကောင်းကောင်းမပေးနိုင်ခဲ့တာပါ။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံခြားထွက်သွားတယ်။ အခုတော်လှန်ရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်လာတော့ သူတို့အနေတဲ့ ဒီကိုလာဖို့က ခက်သွားပြီ။ အဲဒီတော့ ဒီလိုလူငယ်တွေ တော်လှန်ရေးမှာ ပြန်ပြီး ပါ၀င်နိုင်ဖို့က ဒီလိုဆွေးနွေးပွဲတွေကနေပဲ ဆွဲခေါ်ရမှာဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်သွားဖို့ရှိပါတယ်။"
Read More

ဂုဏ်သိက္ခာကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုအဖြစ် အကြမ်းဖက်စစ်တပ် စဉ့်ကူးဆေးရုံကို ထပ်မံ လေကြောင်းဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စဉ့်ကူးမြို့နယ်ကို ထိန်းချုပ်စိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းပေးရန် လူမှုကွန်ရက် ပေါ်တက်ရေးသည်ဟုဆိုကာ ရန်ကုန်မြို့နေ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦးကို စစ်အုပ်စု ဖမ်းဆီး

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖမ်းဆီးပေးဖို့ လူမူ့ကွန်ရက်စာမျက်နှာက တဆင့် သရော်ရေးသားခဲ့တယ်ဆိုပြီး  ရန်ကုန်မြို့​နေ ဟင်းလပေးချိုင့်ဆွဲရောင်းချနေသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်လာပါတယ်။