မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေတွေကြောင့် မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း သွားလာခွင့်ကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ကနေ သတင်းထုတ်ပြန်လာပါတယ်။
အဲ့ဒီလမ်းပိုင်းသွားလာမှု ကန့်သတ်ချက်ကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်ကနေ စတင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ၁၀၂၇ ဒုတိယအပိုင်းအတွင်းမှာ စဉ့်ကူးမြို့၊ သပိတ်ကျင်းမြို့တို့ကို သိမ်းပိုက်ကာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက ၎င်းတို့ လက်လွတ်လိုက်ရတဲ့ အဆိုပါ မြို့တွေကို ပြန်လည်ရရှိရေးအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်ကတည်းက စစ်ကြောင်းထိုး တိုက်စစ်ဆင်နေတာ ဖြစ်ပါတယ်။
“မတ္တရာနဲ့ မန်းလေးနဲ့ ထိစပ်နေတဲ့ မြစ်အရှေ့ဘက်ခြမ်းနေရာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးနေတာရှိပါတယ်။ လက်ရှိကတော့ အရမ်းကို ရုပ်ထွေးနေတဲ့ အနေအထားပါ။ သူဝင်လာရင် ကိုယ်ဆုတ်… ကိုယ်ဝင်လာရင် သူဆုတ်ဆိုတဲ့ အနေအထားမျိုးတော့ ဖြစ်နေပါတယ်။” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေက ဘတ်တံဆိပ်မျိုးစုံနဲ့ ပူးပေါင်းစစ်ကြောင်းတွေဖြစ်ပြီး လေကြောင်းအားကောင်းတဲ့ နေရာတချို့ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေကနေ လက်လွတ်လိုက်ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ပြန်လည်ထိုးစစ်ဆင်မှုမှာ မြေပြင်အင်အား ၂၀၀ကျော်နဲ့ လေကြောင်းပစ်ကူမှုတွေအပြင် ရေတပ်ကနေပါ စစ်သင်္ဘော ၂ စီးနဲ့ ပစ်ကူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အုတ်ဖိုက ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ယောက်သေပြီး လက်နက်တွေပါ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ ယောက် သေဆုံးပြီး လက်နက်တွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက‌ သတင်းထုတ်ပြန်ထားပါတယ်။
Read More

Southern Eagle PDF က ရဲဘော်တွေကို ကျည်ကာ Vest နဲ့ Helmet တွေ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Southern Eagle PDF က ရှေ့တန်းက ရဲဘော်တွေကို အောက်တိုဘာ ၇ ရက်က ကျည်ကာတွေဖြစ်တဲ့ Vest နဲ့ Helmet တွေ တပ်ဆင်ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ သုံးဖက်မြင် ရေတပ်ဖြစ်နေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုပြန်

တပ်မတော်(ရေ)ကို  သုံးဖက်မြင် စစ်ဆင်ရေးတွေလုပ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။
Read More

နိုင်ငံတစ်ဝန်း မေလအတွင်းတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၉၇) ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း မေလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၉၇) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သရက်တွင် စစ်ကားများ တိုက်ခိုက်ခံရပြီးနောက် အနီးနား ကျေးရွာများကို စစ်အုပ်စု ရမ်းသမ်းပစ်ခတ်နေ

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်ဖောကားတွေ ပြောက်ကျားတိုက်ခိုက်ခံရပြီးနောက် အထိနာနေတဲ့ စစ်အုပ်စုက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေရာ ကျေးရွာ ၄ရွာက အရပ်သား ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ United States Of Burma Army-USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။